Published
Friday, March 08, 2019
မြန်မာဘာသာ အစီအစဉ် (မတ်လ ၀၈၊ ၂၀၁၉)
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေး သင်တန်းကျောင်းက စွန့်လွတ်ထားတဲ့ မြေဧရိယာအပေါ် တပ်ဧရိယာအမှတ်အသား မှတ်တိုင်တွေ ပြန်စိုက်ထားတဲ့အတွက် မြေပြန်သိမ်းမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်နှစ်ဦးကို ပြောင်းလဲပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်ထဲက ပညာရေးစာသင်ကျောင်းတွေမှာ အခုနှစ်ကစပြီး တိုင်းရင်းသားဘာသာနဲ့ ဒေသန္တရ ဗဟုသုတဘာသာရပ်တွေကို မြစ်ကြီးနားနဲ့ နီးတဲ့နေရာတွေမှာ သင်ကြားပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။






