တရုတ်ငှက်ပျောခြံကြောင့် ကချင်တောင်သူများ နှစ်နာ

တရုတ်ငှက်ပျောခြံကြောင့် ကချင်တောင်သူများ နှစ်နာ

တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကြောင့် ပျက်စီးရသောသဘာဝပတ်ဝန်းကျင်နှင့်ဒေသခံတောင်သူများ၏ နှစ်နာဆုံးရှုံးမှုအတွက် ဝိုင်းမော်မြု့နယ်နှင့် မိုးမောက်မြို့နယ်မှ တောင်သူများက ယနေ့ မနက်ပိုင်း မြစ်ကြီးနားမြို့နယ် မန္တလေးကျောင်းတိုက် ဘုန်းကြီးကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ်၊ Daw Hpung Yang (ဒေါ့ဖုန်းယန်)မြို့နယ်ခွဲ မံပင်ကျေးရွာ(၄) ရွာ၏ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှ ပြည်သူများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး (၅၁)ဦး တတ်ရောက်ခဲ့သည်။

“ဒေသခံတောင်သူတွေကို နိုင်ငံတော်မှာ နှစ်(၃၀) ဧက ၃သောင်းကို (၆)လ တစ်ကြိမ် အခွန်ဆောင်ရမယ်လို့ ခြိမ်းခြောက်ထားတာတွေရှိတယ်” လို့ ခေါက်ဆင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့် က ဆိုသည်။

ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တွင် မြေယာများ၌ တရုတ်နိုင်ငံက တစ်သျှူးငှက်ပျောများ စိုက်ပျိုးထားပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်အတွင်း၌ စိုက်ပျိုးဧက ၁ သိန်းကျော် ရှိကြောင်းသိရသည်။

“ဒီမြေတွေကို တရားဝင်ခွင့် မပေးပဲနဲ့ ကြောက်စရာကောင်းအောင် တစ်သျှူးငှက်ပျောစိုက်ပျိူးပြီး သူတို့ပိုင်ပါတယ်လို့ပြောနေတယ်” ဟု ဦးထွန်းအေး က ဆိုသည်။

တောင်သူများစိုက်ပျိူးထားသော ပြောင်းခင်းများကို ကုမ္ပဏီပိုင်အဖြစ် မြေဧကများကို ဘတ်ဖောများဖြင့် ထိုးဆွ ပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးထားခြင်း၊ ရွာနှင့်အနီး ကျွဲ၊ နွား များ သေဆုံးမှုများ မလိုလားကြောင်း ဒေသခံတောင်သူများက ပြောသည်။

ဝိုင်းမော်မြို့ မြန်မာစစ်တပ် ခလရ ၅၈ စစ်တပ်ပိုင်သိမ်းဆည်း နယ်မြေများတွင် တစ်သျှူးငှက်ပျောစိုက်ပျိူးထားခြင်းနှင့် ပတ်သတ်ပြီး ပြတ်ပြတ်သားသားချပြထားခြင်း၊ မြေယာပိုင်နက်ကျူးလွန်မှုနှင့် ဆေးရုံရောက် ဓာတုအဆိပ်သင့်ပြည်သူများအား ကျန်းမာရေးဌာနမှ အလေးထားခြင်း မရှိခြင်းသေးကြောင်း သိရသည်။

လိုင်ဇာမြို့ တစ်သျှူးငှက်ပျောအလုပ်သမား ၆ ယောက် ဓာတုအဆိပ်သင့်သေဆုံးမှုကြောင့် KIO ထိမ်းချုပ်နယ်မြေအတွင်း တစ်သျှူးငှက်ပျောလုံးဝစိုက်ပျိုးခွင့်ပိတ်ထားခြင်းရှိသော်လည်း မြန်မာနိုင်ငံ အစိုးရကအလေးထား တာဝန်ယူမှု မရှိသေးကြောင်း ဦးသောင်းပြောပါသည်။

ကချင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်း(၁၁)ဖွဲ့ပါဝင်သည့် မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကွန်ရက်အဖွဲ့မှ ထုတ်ပြန်သည့် ‘အစိမ်းရောင် စီးပွားရေး ဝိရောဓိ’ အမည်ရှိ အစီရင်ခံစာအရ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့နယ်တို့တွင် တစ်သျှူးငှက်ပျောစိုက်ပျိူးသည့် ဧကပေါင်း တစ်သိန်းငါးသောင်းကျော်(၁၅၀၀၀၀)ရှိကြောင်းသိရသည်။

တစ်သျှူးငှက်ပျောများကို ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ခန့်မှ စတင်စိုက်ပျိူးခြင်းဖြစ်ပြီး ကုမ္ပဏီပေါင်း ၄၀ ခန့် စိုက်ပျိုးနေခြင်းဖြစ်ပြီး အများပိုင်း ဝိုင်းမော်မြို့နယ်တွင် ဖြစ်ကြောင်းသိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...