မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နှင့် bi-lateral အပစ်ရပ် အစီစဉ် အစိုးရ ပယ်ဖျက်

မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နှင့် bi-lateral အပစ်ရပ် အစီစဉ် အစိုးရ ပယ်ဖျက်

မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နှင့် မူလက ညှိနှိုင်းနေသော bi-lateral အပစ်ရပ် လက်မှတ်ရေးထိုးရေး အစီစဉ်ကို ရခိုင်တိုက်ပွဲကြောင့် မြန်မာအစိုးရဘက်မှ ပယ်ဖျယ်လိုက်ပြီဖြစ်ကြောင်းကို လွန်ခဲ့သောအပတ် ကူမင်းမြို့ တွေ့ဆုံမှုတွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က ပြောဆိုခဲ့သည်။

ဇန်နဝါရီလ (၄)ရက်နေ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် AA က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်း (၄)ခုကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုလို မြောက်ပိုင်းမဟာမိတ်နှင့် bi-lateral အပစ်ရပ် ရေးထိုးရေး အစီစဉ် ပြောင်းခဲ့ရကြောင်းကို ကော်မရှင် အတွင်းရေးမှူး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှ ရှင်းလင်းခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့မှ သိရသည်။

ထို့ကြောင့် ကော်မရှင်မှ ပြင်ဆင်လာသော Deed of Commitment (DoC) ကတိ ကဝတ် စာချွန်လွှာ ကို မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့တို့ လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ရကြောင်း KIO က ဆက်ဆိုပါသည်။

ယခု အစိုးရမှ လက်မှတ်ထိုးစေလိုသော DoC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လမ်းစဉ်အတိုင်း ဖြစ်မည်ကို စိုးရိမ်သောကြောင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့တို့ လက်မှတ်ထိုးရန် ငြင်းဆိုခြင်းဖြစ်နိုင်ကြောင်း KIO ဒု-ဥက္ကဌ-၂ ဟောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ Dr. Manam Tu Ja (ဒေါက်တာ မနမ်တူးဂျာ) သုံးသပ်ပါသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ယခုနှစ်၏ပထမဆုံး ကူမင်းမြို့ အလွတ်သဘော ဆွေးနွေးပွဲတွင် NCA ကို လက်မခံသော မြောက်ပိုင်းအဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရဏ္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် တအောန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

အစိုးရဘက်မှ ကော်မရှင် ဒု-ဥက္ကဌ ဦးသိန်းဇော် နှင့် အတွင်းရေးမှူး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့ ဦးဆောင်တက်ရောက်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က လိုလားသော အဖွဲ့ဝင် တဖွဲ့ချင်းစီနှင့် bi-lateral အပစ်ရပ်လက်မှတ်ရေးထိုးခြင်း အစီစဉ်ကို တရက်တည်း၊ တချိန်တည်းနှင့် တနေရာတည်းမှာ ပြုလုပ်သွားရေးကို ယခု လက်မခံကြောင်း ပြောဆိုလာသော်လည်း အထက် အစိုးရကို ဆက်လက်တင်ပြပေးမည်ဟု ကော်မရှင် ကတိပြုခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့ က Slg. Lamai Gum Ja (ဦးလမိုင်ဂွမ်ဂျာ) ဆိုပါသည်။

ထို့အပြင် KIO ၏ ကချင်စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးကိစ္စ တင်ပြချက်စာကို နှစ်ဖက် တွေ့ဆုံမှုတွင် ဆွေးနွေးခြင်း မရှိသော်လည်း အထက်ကို တင်ပြပေးရန် ကော်မရှင် ကတိပြုခဲ့သည်ဟု သူက ဆက်ဆိုသည်။

ကူမင်း တွေ့ဆုံမှုတွင် ရှေ့ဆက်ဆွေးနွေးရန် ရက်ချိန်းသတ်မှတ်နိုင်ခြင်း မရှိသော်လည်း လာမည့် ဧပြီလ တပ်မတော်၏ ၄လ ထိုးစစ်ရပ်ထားခြင်းကာလ မကုန်ဆုံးခင် နှစ်ဖက် ပြန်လည်တွေ့ဆုံရန် ဖြစ်နိုင်ကြောင်း PCG က ဆိုပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...