နှစ်ဖက် အပစ်ရပ်ကြောင်း တရားဝင် ကြေညာပြီးမှ Awng Lawt စစ်ရှောင်များ နေရပ်ပြန်လို

နှစ်ဖက် အပစ်ရပ်ကြောင်း တရားဝင် ကြေညာပြီးမှ Awng Lawt စစ်ရှောင်များ နေရပ်ပြန်လို

အစိုးရနှင့် KIO တို့ နှစ်ဖက် အပစ်ခတ်ရပ်စဲကြောင်း နိုင်ငံတကာကို တရားဝင် ကြေညာပြီးနောက် လုံခြုံစိတ်ချမှုရှိကြောင်း သက်သေအခိုင်အမာပြသနိုင်မှ နေရပ်ပြန်လိုကြကြောင်း မြစ်ကြီးနားမြို့ Maw Tawng စခန်းမှ Awng Lawt စစ်ရှောင်များ ဆိုပါသည်။

နေရပ်ပြန်ချင်သော်လည်း လုံခြုံစိတ်ချမှု အခြေအနေမရှိသေးကြောင်း စစ်ရှောင်စခန်း တာဝန်ခံ Slg. Mung Ban (ဆလန် မုန်ဘန်) ယခုလို ကချင်သတင်းဌာန KNG ကို ရှင်းပြသည်။

“ရွာကိုခဏတဖြုတ်ပြန်သွားတဲ့ ရွာသားအချို့ မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရခဲ့တာမျိုးတွေရှိခဲ့တယ် ဆိုတော့ ကျနော်တို့မမြင်နိုင်တဲ့မြေမြှုပ်မိုင်းတွေ ဘယ်လောက်တောင်ရှိနေအုံးမလဲမသိသေးဘူး” ဟု ဆိုသည်။

ကချင်ပြည်နယ် အနောက်ဘက် တနိုင်းမြို့နယ် Awng Lawt (အောင်လောဒ်) ဒေသတွင် မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၂၀၁၈ မေလမှာ ဖြစ်ပွားသော တိုက်ပွဲများကြောင့် မြစ်ကြီးနားသို့ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။

Awng Lawt စစ်ရှောင်များသည် Jaw Masat ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းတွင် ၉လခန့် ခိုလှုံပြီး ဇန်နဝါရီလ (၁၉)ရက်နေ့ Jaw Masat ရပ်ကွက် (၆) Maw Tawng (မော်တောင်း) ကျေးရွာ စခန်းသစ်သို့ ပြောင်းရွှေ့ခဲ့သည်။

စစ်ရှောင်အမျိုးသမီး Jan Hka Mai (ဒေါ်ခါးမိုင်) က “ရွာကိုမပြန်မနေရဆိုရင်တော့ ပြန်ရမှာပေါ့။ ဒါပေမယ့် ကျမတို့ဘယ်ကစပြီးလုပ်ကိုင် စားသောက်ရမလဲတောင်မသိသေးဘူး။ တိုက်ပွဲပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်” ဟု KNG ကို ပြောပြခဲ့သည်။

အလားတူ ၂၀၁၁ မှ စစ်ရှောင်ခဲ့ရပြီး မြစ်ကြီးနား နှင့် ဝိုင်းမော် ဒုက္ခသည်စခန်းများတွင် ၈ နှစ်ခန့် ခိုလှုံနေသော စစ်ရှောင်အများစုကလည်း လုံခြုံမှု အာမခံပေးနိုင်သော အခြေနေရှိချိန်မှ နေရပ်ပြန်ရန် လိုလားနေကြပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံချက်ဖြင့် ပထမဆုံး မြစ်ကြီးနား နှင့် ဝိုင်းမော် စစ်ရှောင်စခန်းများမှ Nam San Yang (နမ်ဆန်ယန်) စစ်ရှောင်မိသားစု (၁၇)စုကို တပ်မတော် စစ်ကားများဖြင့် ဇန်နဝါရီလ (၃၀)ရက်နေ့ နေရပ်ပို့ဆောင်ခဲ့သည်။

၎င်းနောက် အသင်းတော် ဦးဆောင်သော ကချင်စစ်ရှောင်ကူညီရေးကော်မတီ KHCC က စစ်ရှောင်များ လုံခြုံစိတ်ချမှု အာမခံချက်ရှိကာ ကောင်းမွန်စွာနေရပ်ပြန်နိုင်ရေးအတွက် ယခု အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို သီးခြားစီ တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...