Published
Friday, March 01, 2019
မြန်မာဘာသာ အစီအစဉ် (မတ်လ ၀၁၊ ၂၀၁၉)
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ဟာ အစိုးရ၊ တပ်မတော်တို့အပေါ်သာ မူတည်နေတယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း က ပြောပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေကို ဖြေရှင်းဖို့ အဲဒီနေရာက လူမနေတဲ့ ယာယီတဲအိမ်တွေကို တာဝန်ရှိတဲ့အဖွဲ့တွေကနေ ရှင်းလင်းနေကြပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တရုတ်သစ်သျှူးငှက်ပျောခြံနံဘေးက ချောင်းမှာ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေပါတယ်။






