မိုးကြောင့် ဖားကန့်လမ်း ကားများ သောင်တင်

မိုးကြောင့် ဖားကန့်လမ်း ကားများ သောင်တင်

ကချင်ပြည်နယ် မိုးရွာသွန်းမှုကြောင့် ကားများ မြစ်ကြီးနား-ဖားကန့်လမ်းပေါ် ယမန်နေ့က စပြီး သောင်တင်နေကြောင်း ခရီးသည်များ ဆိုပါသည်။

Nam Ting (နမ်တိန်) နှင့် Hkrai Run (တံတားညီနောင်)ကြား ပျက်စီးနေသော ကျောက်ခင်းလမ်း မိုးရေကြောင့် ပိုဆိုးလာကာ အထူးသဖြင့် အလေးချိန်များသော ကုန်တင်ကားကြီးများ ဖြတ်သွား၍ လုံး၀ မရကြောင်း အနီးရှိ Kap Maw ကျေးရွာ ရွာသားများကို မေးမြန်းသိရသည်။

လမ်းပိတ်နေသောကြောင့် ကားကြီးများ ဖားကန့်လမ်း တလျှောက် အချို့ကျေးရွာများတွင် ရပ်ထားသည်ကို မြင်ရကြောင်းလည်း ခရီးသည်များ ဆိုပါသည်။

ဖားကန့် ကျောက်စိမ်းမှော်ကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းသည် ခရီးသည်တင်ကားများ နှင့် ကုန်တင်ကားကြီးများ နေ့စဉ် အသွားအလာ အများဆုံးလမ်း တစ်ခုလည်း ဖြစ်သည်။

ပျက်စီးနေသောလမ်းတွင် ယနေ့ညနေပိုင်းထိ ကားငယ်များ ခက်ခက်ခဲခဲ သွားလာနိုင်သော်လည်း ကားကြီးများ လုံး၀ မရသေးကြောင်း ခရီးသည်များကို မေးမြန်းသိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...