ရန်ကုန်ဓာတ်ပုံပြိုင်ပဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုရရှိ

ရန်ကုန်ဓာတ်ပုံပြိုင်ပဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုရရှိ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ဖေဖော်ဝါရီလ(၂၄)ရက်ည (၇) နာရီအချိန် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပြိုင်ပွဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုကို ဆွတ်ခူးရရှိခဲ့သည်။

စစ္စတာစန္ဒာလင်း ရိုက်ကူးသည့် “အမြင့်ပျံ” ဓာတ်ပုံဇာတ်လမ်းက ပထမဆုရရှိခဲ့ပြီး၊ ကိုဟယ်ရီဖြိုး ရိုက်ကူးသည့် “အိပ်မက်တွေ ဖြစ်လာမှာလား” ဓာတ်ပုံဇာတ်လမ်းက စတုတ္ထဆုဖြင့် ကယားပြည်နယ်မှ ဆု (၂) ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ပထမဆုရရှိခဲ့သည့် ကောင်းသောသိုးထိန်းဖောင်ဒေးရှင်းမှ စစ္စတာစန္ဒာလင်းက “ကျွန်မထိန်းရတဲ့ ကျား၊ မအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့အကြောင်းကို ကျွန်မသိနေတာပေါ့နော်။ သိနေတော့ ကျွန်မ ဒီဓါတ်ပုံသင်တန်းတက်တဲ့အခါမှာ ဇာတ်လမ်းလေးတစ်ခုကို လုပ်ရမယ်ဆိုတော့ ဒီအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေထဲက ဇာတ်လမ်းတစ်ပုဒ်ကို ကျမက ရွေးလိုက်တာလေ။ ခုလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျာ/းမ အကြမ်းဖက်ခံရတဲ့ အကြောင်းအရာကို ဖော်ပြလိုက်တယ်ဆိုရင်၊ အသိပညာပေးလိုက်တယ်ဆိုရင် ပြဿနာများ လျော့ကျလာမလားပေါ့နော် “ ဟု ၎င်းရိုက်ကူးခဲ့သော ဇာတ်လမ်းအကြောင်းကို ပြောပြသည်။

ရန်ကုန်ဓာတ်ပုံပြိုင်ပွဲတွင် ဒုတိယဆုကို ရခိုင်ပြည်နယ်မှရရှိကာ၊ တတိယဆုကို ကချင်ပြည်နယ်မှ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံပြိုင်ပွဲတွင် နိုင်ငံတကာမှ ရုက်ကူးထားသည့် ဓာတ်ပုံဇာတ်လမ်းများကိုလည်း ပြသခဲ့သည်။ ဓာတ်ပုံပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့သည့် ဓာတ်ပုံဇာတ်လမ်းရိုက်ကူးသူများကို ကာနွန်ကင်မရာဆုနှင့် စတ္ထုဆုရရှိသူကို ခရီးသွားအပန်းဖြေရန် စီစဉ်ပေးလိုက်သည်။

“ အဲ့လို ပြခွင့် ယှဉ်ပြိုင်ခွင့်ဆိုတာ လူငယ်တိုင်းအတွက် တကယ်ကိုကောင်းတာပါ။ တခြားသော နိုင်ငံတကာက ဓာတ်ပုံဆရာတွေနဲ့ အချိတ်အဆက်တွေ၊ အခွင့်အရေးက အများကြီးရတာပေါ့။ အဲ့ဒါက တကယ်ကို ကောင်းတဲ့အစီအစဉ်တစ်ခုပါ။” လို့ စတုတ္ထဆု ရရှိခဲ့သည့် ကိုဟယ်ရီဖြိုးက

ပြောသည်။

လူငယ်ဓာတ်ပုံဝါသနာရှင်များအနေဖြင့် အမြဲတမ်းလေ့ကျင့်မှုလိုအပ်ပြီး အခွင့်အရေးများပေါ်လာပါက အကောင်းဆုံးအသုံးချနိုင်ရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

စတုတ္ထဆုရရှိခဲ့သည့် ကိုဟယ်ရီဖြိုးအနေဖြင့် အင်းလေးကန်ရှိ သနပ်ခါးဟိုတယ်တွင် ၂ ရက် တည်းခို အပန်းဖြေခွင့် ရရှိခဲ့သည်။ ၎င်းရန်ကုန်ဓာတ်ပုံပြိုင်ပွဲတွင် ပြည်နယ်အဆင့် ပ၊ ဒု၊ တ ဆုရရှိခဲ့သည့် ကယား(ကရင်နီ)၊ ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်တို့မှ ဓာတ်ပုံဇာတ်လမ်း(၁၂) ပုဒ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါရန်ကုန်ဓာတ်ပုံပြိုင်ပွဲကို Myanmar Stories အဖွဲ့မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...