ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တပ်မတော် ယာဉ်တန်း ပူတာအိုသို့ ချီတက်

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တပ်မတော် ယာဉ်တန်း ပူတာအိုသို့ ချီတက်

ဖေဖေါ်ဝါရီ ၂၆ ယနေ့ မနက်ပိုင်း မြစ်ကြီးနား မပခ မှ ပူတာအို သို့ ချီတက်သော တပ်မတော် ယာဉ်တန်း ကို တပ်ကုန်းရပ်ကွက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း တွင် မြင်ရပုံ

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ကူမင်းမြို့ အလွတ်သဘော ဆွေးနွေးပွဲ တစ်ရက်အလွန်မှာ ဝန်အပြည့်နှင့် တပ်မတော်ယာဉ်တန်းများ ယနေ့ ဖေဖေါ်ဝါရီ ၂၆ ရက် နံနက်စောစော ပူတာအိုသို့ ထွက်ခွာခဲ့သည်။

ရက်သတပတ် ၅ ပတ်အတွင်း ဒုတိယ အကြိမ် တပ်မတော် ယာဉ်တန်းများ ပူတာအိုကို စစ်အင်အား ပြည့်တင်းခြင်းဖြစ်သည်။

မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုကို ယနေ့ ချီတက်သော တပ်မတော် ယာဉ်တန်းတွင် စစ်ကား ၁၀၀ခန့်ရှိကြောင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း မျက်မြင်ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကားနောက် မိုးကာဖြင့်ဖုံးအုပ်တင်ဆောင်ထားသော ဝန်ထုပ်များသည် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ဖြစ်မည်ဟု ယူဆကြပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာသော တပ်မတော် စစ်ကား ၁၀၀ခန့်ရှိ ယာဉ်တန်းတွင် အဓိက စစ်သားများကို တင်ဆောင်ထားသည်ဟု ဆွမ်ပရာဘွမ်-ပူတာအို မျက်မြင်ဒေသခံများ ဆိုပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပူတာအို ခရိုင်ကို ယခုလ ဖေဖေါ်ဝါရီ လဆန်းပိုင်းက အလည်ပတ် သွားရောက်ခဲ့သည်။ ၎င်း ခရီးစဉ်တွင် ဦးအတန် ဦးဆောင်သော ပူတာအို ဌာနေ ရဝမ်ပြည်သူ့စစ်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဒု-ဥက္ကဌ ဦးသိန်းဇော်၊ အထွေထွေအတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထွေထွေအတွေးရေးမှူး ဆလန်ကဘား Kumhtat Hting Nan ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့ ယမန်နေ့ ဖေဖေါ်ဝါရီ ၂၅ မှာ တရုတ်ပြည် ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။

တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၄လကြာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် စစ်တိုင်း (၅)တိုင်းတွင် ထိုးစစ်ရပ်ကြောင်း ကြေညာထားသော်လည်း ၎င်း၏ ကြီးမားသော စစ်အင်အား နှင့် စစ်လက်နက်ပစ္စည်း ဖြည့်တင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...