မုံးကိုးတွင် မြန်မာအစိုးရတပ် နှင့် MNDAA တိုက်ပွဲ ဖြစ်ပွား

မုံးကိုးတွင် မြန်မာအစိုးရတပ် နှင့် MNDAA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသတွင် မြန်မာအစိုးရတပ် နှင့် MNDAA ကိုးကန့် တပ်တို့ ယနေ့ နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) နယ်မြေ Yingla Bum (ယိန်းလဘွမ်) ရှိ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တပ်ရင်း ၅၀၁ ကို ၎င်းတောင် အခြေစိုက် မြန်မာစစ်တပ် တပ်မ ၉၉ ဟု ယူဆရသော စစ်ကြောင်းက မွန်းတည့် ၁၂ခန့်မှာ စတင်တိုက်ရာမှ အချိန် ၁နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မုံးကိုး KIA သတင်းရပ်ကွက်က ကချင်သတင်းဌာန KNG ကို ပြောဆိုသည်။

၎င်းနောက် အချိန်တို တိုက်ပွဲ တစ်ကြိမ် ထပ်မံဖြစ်ပွဲခဲ့ကြောင်း နှင့် ဆက်လက်ပြီး နောက်နေ့ရက်များတွင်လည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေနေ ရှိနေကြောင်း ဒေသခံများကို မေးမြန်းသိရသည်။

အဆိုပါ Yingla Bum အစိုးရတပ် စခန်းရှိ တပ်မ ၁၁ တပ်ဖွဲ့ကို မကြာသေးခင် တပ်အပြောင်းလဲဖြင့် တပ်မ ၉၉ တပ်ဖွဲ့များ ရောက်လာကြောင်း သိရသည်။

ယခုနှစ် ပထမဆုံး အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ (KIA၊ MNDAA၊ TNLA၊ AA) တို့ မနက်ဖန် ဖေဖေါ်ဝါရီ ၂၅ ရက်မှ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံ ကြမည်ဖြစ်သည်။

ယခု တွေ့ဆုံပွဲ တစ်ရက်အလို အစိုးရတပ် နှင့် MNDAA တို့ ယနေ့ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...