Published
Wednesday, November 16, 2016
မြန်မာဘာသာ အစီအစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၁၆)
ကရင်ပြည်နယ်မှာ အာရှလမ်းမ ဆက်လက်ဖောက်လုပ်ဖို့အတွက် လမ်းခင်းကျောက်တွေ ထုတ်ယူမယ့်အပေါ် ဒေသခံတွေက မလိုလားကြဘူးလို့ဆိုုပါတယ်။
မွန်ပြည်နယ်မှာတော့ နေ့စဉ်ယာဉ်တိုုက်မှုတွေဖြစ်ပေါ်နေပြီး မော်တော်ဆိုုင်ကယ်တွေက အဖြစ်အများဆုံုးဖြစ်တယ်လိုု့ ဆိုုပါတယ်။
ကရင်ပြည်နယ်ထဲမှာ ၁၉၈၈ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ မြေယာသိမ်းဆည်းမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး ‘ဇွဲကပင်သက်သေ ဒို့ယာမြေ’ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင် ထုုတ်ပြန်လိုုက်ပါတယ်။






