အသည်းအကျိတ်ရောဂါကြောင့် ပါချုပ်ဆရာတော် တရားဟောခြင်း သုံးလခန့် ရပ်နားမည်

အသည်းအကျိတ်ရောဂါကြောင့် ပါချုပ်ဆရာတော် တရားဟောခြင်း သုံးလခန့် ရပ်နားမည်

အသည်းအကျိတ်ရောဂါကြောင့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် တရားဟောခြင်း သုံးလခန့် လုံးဝရပ်နားပြီး အနားယူမည်ဖြစ်ကြောင်း ဆရာတော်၏ အနီးကပ်တပည့်ဒါယိကာ ဒါယိကာမများက အသိပေးကြေညာခဲ့သည်။

လက်ရှိတွင် ဆရာတော်သည် စင်္ကာပူနိုင်ငံတွင် Medical Checkup ပြုလုပ်ရာ၌ အချိန်ကာလ (၃)လအတွင်း ၁.၄၃ စင်တီမီတာ မှ ၂.၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာသော အသည်းရှိ အကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်ဖြင့်ကုသမှုခံယူထားရကြောင်း ကုသမှုခံယူထားသည်ကို Biopsy အဖြေ ရယူစစ်ဆေးရာတွင် ကင်ဆာဆဲလ် (လုံးဝ)မတွေ့ရှိရကြောင်း ဆရာတော်၏ အနီးကပ် တပည့်ဒါယိကာ ဒါယိကာမများက ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် အများပြည်သူသို့ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ထို့အပြင် ဆရာတော်သည် ပုံမှန် စစ်ဆေးမှုအဖြစ် သီတင်းပတ် (၆) ပတ် ပြည့်လျှင် စင်္ကာပူနိုင်ငံ၌ ဆေး စစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ပြီး ဆေးကုသမှုခံယူထား၍ အနားယူရန် လိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဆရာတော်အနေဖြင့် ခရီးသွားလာခြင်း၊ဟောပြောခြင်းများကို အချိန်ကာလ (၃)လ လုံးဝ ရပ်နားထား၍ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာအတွင်း ကျင်းပပြုလုပ်သောပဏ္ဍိတာရာမ ရွှေတောင် ကုန်း ဆရာတော်ဘုရားကြီး၏ ဗိမာန်တော်ဖွင့်ပွဲနှင့်ရုပ်တုတော် ပူဇော်ပွဲအခမ်းအနားအထူးဓမ္မသဘင်၌ တရားဒေသနာများဟောကြားချီးမြှင့်ခဲ့သည်။ အဆိုပါတရားပွဲအပြီး ၁ဝရက်အကြာ၌ ဆရာတော်၏ အနီးကပ် တပည့်ဒါယိကာ ဒါယိကာမများက ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ဆရာတော်၏ ကျန်းမာရေးအခြေအနေကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...