လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ ညှိနှိုင်းမှု အဆင်မပြေ

လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ ညှိနှိုင်းမှု အဆင်မပြေ

ဒေသခံပြည်သူများ၏ သဘောတူညီချက်မပါဘဲ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံ၌ တည်ဆောက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည်ဟု ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“သူတို့ဘက်က ပြောတယ်။ ဒီရုပ်တုကို မဖယ်ရှားပေးနိုင်ဘူး။ သူတို့ဘက်က တာဝန်ယူတဲ့အပိုင်းပြီးသွားပြီ။ ဖွင့်ပွဲလုပ်ပြီးတဲ့ အတွက် အစိုးရကို အပ်လိုက်ပြီ။ ကျွန်တော်တို့ဘက်က အစည်းအဝေးမှတ်တမ်းမှာ လက်မှတ်ထိုးဖို့ပြောတော့ လက်မှတ်မထိုးဘဲ ထပြန်သွားတယ်” ဟု ကိုဒီးဒီးက ဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်တုနှင့် ပတ်သက်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့ အင်ပါယာဟိုတယ်၌ ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ တို့အကြား ညှိနှိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယားပြည်နယ်အစိုးရက တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး ကြေးရုပ် ဖြစ်မြောက်ရေး ကေ်ာမတီ အနေဖြင့်  အုတ်ခုံပေါ်သို့ ကြေးရုပ်သယ်ဆောင်ခြင်း နှင့် ဖွင့်ပွဲကျင်းပခြင်းသာ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ မှ ထုတ်ပြန်ထားသည့် စာတွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ကြေးရုပ်တုအား ဖယ်ရှားရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့်သာ ဆွေးနွေးရန် နှင့်  ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်မခံနိုင်ကြောင်း ဆွေးနွေးချက်ကို အစည်းအဝေးမှတ်တမ်း အဖြစ် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သော်လည်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်မှ လက်မခံဘဲ အစည်းအဝေးမှ ထပြန်သွားခဲ့ခြင်းဖြစ်သည်ဟု ကိုဒီးဒီးက ဆိုသည်။

“အစိုးရဘက်က တုံ့ပြန်ချက်ကိုတော့ ကျွန်တော်တို့အနေနဲ့ တစ်ရက်နှစ်ရက်လောက်တော့ စောင့်ကြည့်သွားပါမယ်”ဟု ၄င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် အစိုးရအကြား သဘောတူညီထားခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများသည် အဆုံးသတ်သွားပြီဖြစ်သောကြောင့် ကြေးရုပ်တု ဖယ်ရှားရေးကိစ္စရပ်မှာ ကယားပြည်နယ်အစိုးရအဖွဲ့၏တာဝန်သာဖြစ်သည်ဟု ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ က သတင်းထုတ်ပြန်ထားသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...