Published
Sunday, February 17, 2019
ရခိုင်ဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၉ )
ကျောက်ဖြူမြို့မှာ မြို့သစ်စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့စီစဉ်နေပါတယ်။ စီမံကိန်းဧရိယာထဲမှာပါတဲ့နေအိမ်အဆောက်အအုံတွေ နေရာဖယ်ပေးစရာမလိုဘူးလို့လည်း ဆိုပါတယ်။
ရခိုင်မှာ လက်နက်ကိုင်ပြီး အရပ်သားတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုတွေ ရှိလာနေလို့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။
ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာရှိတဲ့ ပါတီဝင်မူဆလင်တွေအားလုံးကို ထုတ်ပယ်လိုက်ပြီလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။






