ဘီးလင်းမှာ စစ်တပ် စစ်ကူစစ်ကြောင်း အထိနာနေ

ဘီးလင်းမှာ စစ်တပ် စစ်ကူစစ်ကြောင်း အထိနာနေ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု များပြားတယ်လို့ စစ်မြေပြင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ ဝင်းတာပန်းစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကော်မရှင်တပ်ဟာ စခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေပြီး မြေပြင်ကနေ စစ်ကူစစ်ကြောင်း နှစ်ကြောင်း စေလွှတ်ထားပါတယ်။

အဲဒီစစ်ကူစစ်ကြောင်း နှစ်ကြောင်းမှာ သထုံအခြေစိုက် အမှတ်(၁) ခြေမြန်တပ်ရင်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူ ဦးဆောင်တဲ့ စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ချ အလင်းဝင်တာနဲ့ ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်တပ် စစ်ကူစစ်ကြောင်းတွေဟာ ဝင်းတာပန်နဲ့ပိန္နဲတောကျေးရွာအနီးပတ်ဝန်းကျင်မှာ ဆက်ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ဝင်းတာပန်းစခန်း မကျရေးအတွက် နေ့စဉ်နဲ့အမျှ လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ နေအိမ် ၆၀ ထက်မနည်း ထိမှန်ပျက်စီးထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ဘီးလင်းမြို့နယ် လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်းတာပန်းစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

လေးကေနဲ့ဝင်းတာပန်စခန်းတိုက်ပွဲတွေကြောင့် လေးက၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ဝင်းတာပန်၊ မင်းစောကျေးရွာတွေက ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
June 26, 2026
- ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလိန် ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
- ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ငှက်ဖျားကာကွယ်ရေးအတွက် ခြင်ထောင်လိုအပ်နေကြတယ်လို့ ဆိုပါတယ်...