မကွေးမြို့၊ မြို့မစျေး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မကွေးမြို့၊ မြို့မစျေး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့မစျေးတွင် ဖေဖော်ဝါရီ ၁၃ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

မကွေးမြို့နယ်စည်ပင်သာယာမြို့မစျေးကြီးအနောက်ဖက် ဝင်ပေါက်၏ ညာဖက်ဘေးရှိ ဆိုင်ခန်းပိုင်ရှင် ဒေါ်ပိုပိုချို ( အသက်- ၅၀ ) နှစ်၏ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့်( ၈ ပေ× ၄ ပေ ) သွပ်မိုး-အုပ်ကာ ကွန်ကရစ်ခင်းထားသည့် ဆိုင်ခန်းအမှတ် ( က / ၁၂ )တွင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး သန္ဓေ မီးသတ်တပ်ဖွဲ့ ဝင် (၅၁) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၄ စီး၊ မီးငြှိမ်းသတ်စက်ယာဉ် ၁ စီး၊ မကွေးမြို့ကရုဏာရှင်များ နာရေးကူညီမှု အသင်းမှ ရေသယ်ယာဉ် ၁ စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် ၁ စီးအပါအဝင် စုစုပေါင်း ယာဉ် ၁၄ စီးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ စျေးရပ်နေပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

“မီးကအခန်းကျဉ်းတွင်းမှာ လှိုက်ပြီးလောင်ကျွမ်းနေတာပါ။ ဆိုင်ခန်းအနေထားကလည်း စျေးကြီး အနောက် ပေါက် ဝင်-ထွက်ပေါက်ရဲ့ မြောက်ဖက်ထောင့်ခန်းဖြစ်နေတာဆိုတော့ လိုအပ်ချက်အရ ဆိုင်ခန်းနံရံက အုတ်ချပ်တွေကို တူနဲ့ထုပြီး ထွင်းဖေါက်ငြိမ်းသတ်ခဲ့လို့ တစ်ခြားဆိုင်ခန်းတွေကို ကူးစက်လောင်ကျွမ်း တာမျိုးမဖြစ်ခဲ့ပါဘူး” ဟု မီးငြှိမ်းသတ်ရာတွင်ပါဝင်ကူညီခဲ့သည့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပြသည်။

 အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ်ဆယ်သိန်းဖိုးခန့်ဆုံးရှုံးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေကြောင်း မီးလောင်မှုအတွက်ဆိုင်ခန်း ပိုင်ရှင်ဖြစ်သူဒေါ်ပိုပိုချို-ကို ( ပ ) ၃၆၉ / ၂၀၁၉-ပုဒ်မ၂၈၅-ဖြင့် မကွေးမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက် နေကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...