iPACE က ဖားကန့်တွင် နိုင်ငံသားဆိုင်ရာ အသိပညာပေးမှု သင်တန်းဖွင့်မည်

iPACE က ဖားကန့်တွင် နိုင်ငံသားဆိုင်ရာ အသိပညာပေးမှု သင်တန်းဖွင့်မည်

ရန်ကုန်မြို့ အမေရိကန်စင်တာအခြေစိုက် iPACE နှင့် ဖားကန်မြို့အခြေစိုက် အားမာန်သစ်စာကြည့်တိုက်နှင့် လူငယ်ဖွံဖြိုးရေး စင်တာတို့ ပူးပေါင်းကာ ပြည်သူနီတိ၊ နိုင်ငံသားဆိုင်ရာ အသိပညာပေးမှုသင်တန်းကို လာမည့် ဧပြီလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၉ခုနှစ် ဧပြီလ ၂ရက်မှ ၆ ရက်နေ့အထိ ၅ရက်ကြာပို့ချမည့် ယင်းသင်တန်းတွင် အစိုးရနှင့် အစိုးရလုပ်ဆောင်ပုံများ၊ နိုင်ငံရေးပုံစံများ၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ်များ၊ ဥပဒေမျာနှင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်ဆိုသည့် Civic Education နှင့်သက်ဆိုင်သည်များကို သင်ကြားသွားမည်ဟု သိရသည်။

သင်တန်းသားဦးရေ ၅၀သာလက်ခံမည့် ယင်းသင်တန်းကို ဖားကန့်တွင်နေထိုင်သူ အသက်အရွယ်၊ လူမျိုးဘာသာ၊ နိုင်ငံရေကန်သတ်ချက်မရှိဘဲ ကို Hkau Sau (ခေါဆောင်)၊ ဖုန်းနံပါတ် 09451756868 ရှာရော်ကျေးရွာသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သင်တန်းတာဝန်ခံ ကိုအောင်ဟိန်းမင်းက ပြောကြားသည်။

“သင်တန်းက အခမဲ့ပါ သင်တန်းတင်ခွင့်ရမရကိုမတ်လ၁၅ရက်မှာ ပြန်အကြောင်းကြားပေးမှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးနှင့် သက်ဆိုင်သည်များကိုလေ့လာသင်ယူချင်သဖြင့် သင်တန်းလျှောက်သွားမည်ဖြစ်ကြောင်း ဖားကန်ငှက်ပျောတောကျေးရွာတွင် နေထိုင်သည့် အသက် ၂၃အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။

ယင်းသင်တန်းကို iPACE (Institute for Political and Civic Engagement) မှ ရွေးချယ်စေလွတ်သည့် မြန်မာနိုင်ငံသား သင်တန်းဆရာ ၂ဦးမှ လာရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...