တိုင်းအစိုးရအားဆုံးမရန် တနင်္သာရီကို လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

တိုင်းအစိုးရအားဆုံးမရန် တနင်္သာရီကို လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းက မြိတ်မြို့ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

“တနင်္သာရီတိုင်းဒေသကြီးကို လာရတဲ့ အကြောင်းရင်းတစ်ခုကလည်း တိုင်းဒေသကြီး အစိုးရကို ဆုံးမဖို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မြိတ်မြို့ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ဒေသခံတစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိ နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကော့သောင်း ၊ ၁၅ရက်နေ့တွင် ထားဝယ်မြို့သို့ သွားရောက်မည် ဖြစ်ကာ ဒေသခံပြည်သူများ နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

မြိတ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသည့်ကို လာရောက်ကြိုဆိုသည့် ပြည်သူများထဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး နှင့် စီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများလည်းရှိနေသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်အား တိုင်ကြားမှုများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်း လွှတ်တော်မှ စိစစ်တွေ့ရှိချက်များပါသည့် အစီရင်ခံစာကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ထားသည်။

 အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အတွင်း၌ အဆိုပါ ကိစ္စအား ကိုင်တွယ်ဖြေရှင်းသွားဖွယ်လည်းရှိနေပြီး ဒေသခံပြည်သူတချို့၏ ဆန္ဒဖော်ထုတ်မှုနှင့် တိုင်စာ တိုင်ကြားမှု များလည်း ရှိခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...