မင်းလှတွင် တရားမဝင် လာရောက်သူ ၁၂ ဦးအား ဖမ်းဆီးထား

မင်းလှတွင် တရားမဝင် လာရောက်သူ ၁၂ ဦးအား ဖမ်းဆီးထား

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပရဆိုင်ကျေးရွာအနောက် မြောက်ဘက် ၅ မိုင်ခန့်အကွာ ဝါးရုံတော အတွင်းမှ အမျိုးသား ၁၂ ဦးကို တရားမဝင် လာရောက်သည်ဟု ဆိုကာ ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ထောင်ဟာယာကျေးရွာတွင် နေထိုင် သူများဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် နိုဘီဟူဆွန်းအပါအဝင် ၁၂ ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ ၁၂ ဦးကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မင်းလှမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပရဆိုင်ကျေးရွာအနောက် မြောက်ဘက် ၅ မိုင်ခန့်အကွာ ဝါးရုံတော အတွင်း၌ မသင်္ကာဖွယ်လူစိမ်းများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသော  တရားမဝင်လာရောက်သူ ၁၂ ဦးကို မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မှစစ်ဆေး၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၃၄/၂ -၁၃၄/၃ ကြားတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျခဲ့သော ယာဉ်ပေါ်မှ  တရားမဝင် အထောက်အထားမရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မှ ထွက်ခွာလာသည့် ဘင်္ဂါလီများဖြစ်နေ၍ ယာဉ်မောင်းအပါအဝင် လိုက်ပါလာသူ ၁၃ ဦးကို သက်ဆိုင်ရာ လဝကဌာနမှ စစ်ဆေးများပြုလုပ်ခဲ့သည်။

တရားမဝင်၊ အထောက်အထားမရှိ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ဘင်္ဂါလီများအား ဖမ်းဆီးရရှိမှုများ ရှိနေ ပြီး လတ်တလော ဖမ်းဆီးရမိသူများနှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ တနင်္သာရီကျွန်းအနီး၌ စစ်တွေမှ စက်လှေဖြင့် ရောက်ရှိလာသော ဘင်္ဂါလီလူမျိုး ၃၈ ဦး၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အနီး ပင်လယ်ပြင်၌ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာမှ ဘင်္ဂါလီဒုက္ခသည် ၉၃ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြိုအနီး ဖမ်းဆီးရရှိမှုအပါအဝင် ရခိုင်ပြည်နယ်မှ လှေစီးထွက်ပြေးမှု ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...