ရုပ်သံပြတ်တောက်ခြင်းမှာ ဖိုင်ဘာနက်ဝပ်ခ်လိုင်းနှင့် သက်ဆိုင်ခြင်း မရှိဟု တပ်မတော် ထုတ်ပြန်

ရုပ်သံပြတ်တောက်ခြင်းမှာ ဖိုင်ဘာနက်ဝပ်ခ်လိုင်းနှင့် သက်ဆိုင်ခြင်း မရှိဟု တပ်မတော် ထုတ်ပြန်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမှု တိုက်ရိုက် ထုတ်လွှင့်နေစဉ်  ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းမှာ Fiber Network လိုင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်၊ တပ်မတော်သားတစ်ဦးက အရေးကြီးအဆိုတင်သွင်းခြင်းအပေါ် ဆွေးနွေးနေ စဉ်  အချိန် ၅ မိနစ်ခန့် MRTV  မှ ထုတ်လွှင့်မှုပြတ်တောက်သွားကာ တေးသီချင်းများ ထုတ်လွှင့်ခဲ့ခြင်းအပေါ် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြတ်တောက်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာ၊ ပြန်ကြားရေး၏ MOI Webportal တို့တွင် Fiber Network လိုင်းကျ၍ ပြတ်တောက်မှု ဖြစ်ခြင်းဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်နှင့်မြန်မာ့အသံအကြား ဆက်သွယ်ထားသော Fiber Network လိုင်းအား အဆိုပါနေ့တွင် နံနက် ၈ နာရီမှစတင်ပြီး စစ်ဆေးပြုပြင်မှုများအား MRTV (တပ်ကုန်း)နှင့် စစ်ဆေးရေးအဖွဲ့တို့ ဆောင်ရွက်နေခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း၊ စစ်ဆေးပြုပြင်နေစဉ် Fiber Network လိုင်းအား အသုံးပြုနိုင်ခြင်း မရှိသဖြင့်  MRTV မှ နံနက် ၁၀ နာရီနောက်ပိုင်းထုတ်လွှင့်မှုအားလုံးသည် အခြားနည်းလမ်းဖြင့်သာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း  တွေ့ရှိရပါသည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ပါရှိသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရ NLD က တင်သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...