ရခိုင်ပြည်နယ် ပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူဖိအားပေးမည်မဟုတ် ဟုဆို

ရခိုင်ပြည်နယ် ပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူဖိအားပေးမည်မဟုတ် ဟုဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူမှု၊ ဖိအားပေးမှုများလုပ် ဆောင်သွားမည်မဟုတ်ဘဲ အကောင်းဘက်သို့သွားနိုင်အောင် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama ကပြောသည်။

 "ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပဋိပက္ခများ ငြိမ်းချမ်းရေးတို့ လုံခြုံရေးပေါ့။ အဲဒီကိစ္စဆိုရင် ကျွန်တော်တို့ဂျပန် အစိုးရရဲ့ ရပ်တည်ချက်က လုံးဝအပြောင်းအလဲမရှိပါဘူး။ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဆိုရင် အခုရခိုင် ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စကြောင့် ပဋိပက္ခများကြောင့် လုံခြုံရေးကြောင့် ကျွန်တော်တို့ မြန်မာအစိုးရကို အရေးယူမယ်၊ ဖိအားပေးမယ် ဆိုတာလုံးဝမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အခုဖြစ်နေတဲ့ကိစ္စ ပဋိပက္ခပဲဖြစ်ဖြစ် လုံခြုံရေးကိစ္စပဲဖြစ်ဖြစ် အဲဒါကို အကောင်ဘက်ကိုသွားနိုင်အောင် ကျွန်တော်တို့ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး တော့ အစွမ်းကုန်အကူအညီပေးမယ်ဆိုတာ ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်" ဟု H.E. Mr. Ichiro Maruyama ကပြောသည်။

ဖေဖော်ဝါရီ ရရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေအိမ်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ပဋိပက္ခများကြောင့် လုံခြုံရေးမကောင်းလျှင် ပုဂ္ဂလိကကုမ္ပဏီများကို အေးအေးဆေးဆေး စီးပွားရေးလုပ်ငန်း လုပ်နိုင်မည်မဟုတ်ခြင်းကြောင့် လုံခြုံရေးအတွက် ပဋိပက္ခများမရှိအောင် မြန်မာအစိုးရအပေါ် အကူအညီပေး နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 "ရခိုင်ပြည်နယ်ကိစ္စကြောင့် စီးပွားရေးအကူအညီများကိုမပေးပါဘူး။ Investment မလုပ်ပါဘူးဆိုတာမဖြစ်နိုင်ပါ ဘူး။ အခွင့်ကောင်း အခြေအနေကောင်းတယ်ဆိုရင် ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ချင်ပါ တယ်။ ရခိုင်ကိစ္စကြောင့် စီးပွားရေးလုပ်ငန်းမလုပ်ငန်းမလုပ်ချင်ဘူးဆိုတာ လုံးဝမဟုတ်ပါဘူးလို့ ကျွန်တော်ပြော ချင်ပါတယ်" ဟု H.E. Mr. Ichiro Maruyama ကပြောသည်။

 လက်ရှိအချိန်တွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့ များတွင် စီးပွားရေးလုပ်ငန်းများကို မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ဦးစားပေးဆောင်ရွက်နေသလို ဆင်း ရဲမှု ပပျောက်ရေးရည်ရွယ်ချက်ဖြင့် အခြားဒေသများတွင်လည်း စီးပွားရေးဖွ့ံဖြိုးမှုရှိစေရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 ထို့အပြင် ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွ့ံဖြိုးမှု နောက်ကျနေသောကြောင့် စီးပွားရေးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးတစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာလျှင် အနာဂတ်တွင် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီး ကပြောသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...