အတိုင်ပင်ခံ စီးလာသည့် ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

အတိုင်ပင်ခံ စီးလာသည့် ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် တပ်မတော် ရဟတ်ယာဉ်သည် ဟိုက်ဒရောလစ်ဆီယိုစိမ့်မှုကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းတုံမြို့၌ အရေးပေါ် ဆင်းသက်ရပ်နား ခဲ့ရသည်ဟု မိုင်းတုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“စက်ချို့ယွင်းတာမဟုတ်ပါဘူး။ ဟိုက်ဒရောလစ် ဆီလျော့တာကြောင့် ခဏပဲ ပြန်ဆင်းတာပါ။ ၅ မိနစ်လောက်ပဲ ကြာပါတယ်” ဟု ဦးဆန်းဝင်းအောင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် မိုင်းတုံမြို့မှ ပြည်သူလူထုနှင့်တွေ့ဆုံပြီးနောက် မိုင်းဆက်မြို့သို့ သွားရောက်စဉ် ဆီယိုစိမ့်မှုကြောင့် ဆက်လက်ပျံသန်းရန်မဖြစ်နိုင်ခြင်းကြောင့် မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့သည် အရန်လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီးဖြင့် မိုင်းဆတ်မြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်ဟု ဦးဆန်းဝင်းအောင်၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် မိုင်းဆက်မြို့တွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း တာချီလိတ်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...