သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီ ထိန်းကျောင်းမည်

သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီ ထိန်းကျောင်းမည်

သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီအနေဖြင့်  ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ကိုကျော်စွာမင်း က မဇ္ဇိုမ သတင်းဌာနသို့ ပြောသည်။

“သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်တဲ့ သတင်းထောက် အယောင်ဆောင် သူများ ကို သတင်းမီဒီယာကောင်စီအနေနဲ့ စနစ်တကျလုပ်ဆောင်ဖို ့လာမည့် လပတ်အစည်းအဝေးတွင် သတင်း မီဒီယာကျင့်ဝတ်နှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအနေဖြင့် ထုတ်ပြန်ကြေငြာသွားဖို ့ ရှိပါတယ်”ဟု  သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ကျင့်ဝတ်လိုက်နာမှုမရှိသော သတင်း မီဒီယာများနှင့် သတင်းသမားများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို သတိပေးမှုများအပါ အဝင် ကော်မတီအနေဖြင့် ကြေငြာချက်ထုတ်ပြန်မှုများကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“သတင်းမီဒီယာကောင်စီအနေနဲ့ ပြီးခဲ့တဲ့သက်တမ်းမှာ မှုခင်းသတင်းထောက်များအဖွဲ ့ကို ခေါ်ယူသတိပေး တာ၊ ကြေငြာချက်တွေ ထုတ်ခဲ့တာရှိပါတယ်။ လက်ရှိအချိန်မှာ သတင်းထောက်အယောင်ဆောင်ပြီး ချိန်းခြောက် ငွေ တောင်းခံခြင်းအပါအဝင် အခြားပြစ်မှုများကျူးလွန်တဲ့ သတင်းမီဒီယာသမားတွေကိုထိန်းကျောင်းသွားမယ်” ပာု ကိုကျော်စွာမင်းက ဆက်လက်ပြောကြားခဲ့သည်။

 လက်ရှိအချိန်တွင် သတင်းထောက်အယောင်ဆောင်ကာ ချိန်းခြောက်ငွေတောင်းခံခြင်း ၊ မြန်မာနိုင်ငံအထဲသို့ လူမှောင်ခိုသွင်း၊ သစ်ခိုးထုတ်ခြင်း ၊ အစရှိသည့် ပြစ်မှုများကို ကျူးလွန်လာခြင်းကြောင့် သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းထောက်ပာုတ်၊ မပာုတ် စီစစ်သွားရန်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဘင်္ဂါလီ(၁၀)ဦးအား အခကြေးငွေယူ၍ ပြည်မထဲသို့ ခိုးသွင်း လာသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ မှုခင်းသတင်းထောက်ဆိုသူကို ဘင်္ဂါလီများနှင့်အတူ မင်းတုန်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ရက် နံနက် ၄နာရီ ခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ဖူးသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...