ကယားပြည်နယ်ဝန်ကြီးချုပ်က မယ်စဲမှာ သိမ်းယူထားတဲ့ သာသနာမြေကို ပြန်ပေး

ကယားပြည်နယ်ဝန်ကြီးချုပ်က မယ်စဲမှာ သိမ်းယူထားတဲ့ သာသနာမြေကို ပြန်ပေး

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မယ်စဲမြို့နယ်က သိမ်းယူထားတဲ့ သာသနာမြေကို NLD ပါတီ ဗဟိုကော်မတီက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးပြီး သက်ဆိုင်ရာ သာသနာအဖွဲ့ ကို ပြန်လှူပေးလိုက်ပြီဖြစ်ပါတယ်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်

“ကျနော်တို့ က နှစ်ဖက်နဲ့ ညှိနှိုင်းလို့ အားလုံးသဘောတူလက်ခံတယ် ပြေပြေလည်လည်ဖြစ်သွားပါပြီ အားလုံးနှစ်ဖက်လုံးကလည်း ကျေကျေနပ်နပ်နဲ့ ညှိနှိုင်းမှုကိုအားလုံးကလက်ခံပါတယ်။ ကစ်သလစ်ကျောင်းတော်ကြီးက ဆရာတော်ကြီးတွေအကုန်လုံး လက်ခံပေးတဲ့အတွက် အားလုံးကျေကျနပ်နပ်နဲ့ပြီးသွားပြီလို့ဒါပဲပြောချင်ပါတယ်။ အသေးစိတ်တော့ ကျနော် မပြောချင်ဘူးခင်ဗျ ဘာလို့လဲဆို ကျနော်တို့က နောက်ကြောင်းဖြစ်ခဲ့တာတွေကို ဘာမှ ပြန်မပြောဘူးလို့ ကျနော်တို့က သဘောတူထားတာကိုး နော။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NLD ပါတီဗဟိုမှ ပါတီ ဒုဥက္ကဋ္ဌ ၊မန္တလေးဝန်ကြီးချုပ် Dr. ဇော်မြင့်မောင်၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ Dr. မျိုးညွှန့် တို့ က လွိုင်ကော် ကက်သလစ်ကျောင်းတော်မှာ သာသနာ ဆရာတော်တွေနဲ့တွေ့ဆုံညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်။

ဧကဝက်လောက်ပဲရှိတဲ့ သာသနာမြေနေရာကို ဝန်ကြီးချုပ် က သူပိုင်ဆိုင်တဲ့ မြေနေရာတွေနဲ့ပေါင်းပြီး ပုံစံ ၁၀၅ တွေပြုလုပ်ထားခဲ့တာပါ။ ဒေသခံသာသနာအဖွဲ့ကတော့ အဲဒီမြေနေရာဟာ ဘုရားကျောင်းဝိုင်းရဲ့ မျက်နှာချင်းဆိုင်နေရာဖြစ်တာကြောင်း ပြန်ရဖို့ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလောက်မှာ တောင်းဆိုခဲ့ကြတာပါ။

ဝန်ကြီးချုပ်ကနေ ပြန်လှူပေးတဲ့ ပုံနဲ့ နဲ့ ပြန်ပေးတာဖြစ်တာကြောင့် လုပ်ထားတဲ့ ပုံစံ ၁၀၅ တွေအတွက် ညှိနှိုင်တာတွေပြန်လုပ်ရဦးမယ်လို့ သာသနာ အသိုင်းအဝိုင်းကနေ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...