ကျောက်တော်မြို့နယ်တွင် လူ ၂၆ဦးကို မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီး

ကျောက်တော်မြို့နယ်တွင် လူ ၂၆ဦးကို မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ ၄ရက်နေ့ မနက် ၁နရီဝန်းကျင်က လူ ၂၆ဦးကို မတရား အသင်းအက်ဥပဒေဖြင့် ကျောက်တော်မြို့နယ်ရဲစခန်းက တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရသည်။

"ချင်းပြည်နယ် ပလက်ဝမြို့ရှင်းလက်ဝရွာက ရွာသား၂၄ဦးက ကျောက်တော်မြို့ပေါ်မှာရှိတဲ့ သူတို့ဆွေမျိုး အသိအိမ်မှာလာပြီးတော့ ခိုလှုံနေကြတယ်။ မနေ့ကနဲ့ဒီနေ့ကြားပေါ့။ မနက်အာရုဏ်လောက်မှာ ရဲအယောက် သုံးဆယ်လောက်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ဒီနေ့မနက်တရားရုံးမှာ သူတို့ကို ချုပ်ရမန် ယူပြီးတော့ ၁၇(၁)၊၁၇(၂)မတရားသင်းပုဒ်မနဲ့တရားစွဲထားတယ်။ပုဒ်မ ၃၇၅နဲ့ တပ်မတော်အရာရှိ တစ်ဦး ကလည်း တရားလိုလုပ် အမှုဖွင့်ထားတယ်လို့ သိရတယ် " ဟု ကျောက်တော်မြို့နယ်မှ ဒေသခံ ဦးဇော်ဝင်းက ပြောသည်။

လူ ၂၄ဦးမှာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရှင်လက်ဝကျေးရွာမှ လာရောက်ပြီး ခေတ္တနေထိုင်သူများဖြစ် ကြောင်း ကျောက်တော်မြို့ ရွာမရပ်ကွက်ရှိ အိမ်ရှင်ဇနီးမောင်နှံနေအိမ်တွင် တည်းခိုနေကြစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ကျောက်တော် မြို့မှ  ဦးဇော်ဝင်းက ဆက်ပြောသည်။

"တရားသူကြီးက ကျွန်တော့်ကိုပြောပါတယ်။ ပုဒ်မ ၃၇၅ နဲ့ တပ်ရင်းအဖွဲ့ ဗိုလ်မှူးတစ်ယောက်က အမှုဖွင့်တာ၊ ဒီတရားလိုဘက်က အမှုဖွင့်တဲ့အခါ တရားသူကြီးက ဒီဟာက ၁၇(၁)ရယ်၊၁၇(၂)ရယ် အဲ့တာတွေနဲ့ အမှုဖွင့်ပြီး တော့ ချုပ်ရမန်ယူပြီး ပြန်ပြီးတော့ ပေးလိုက်တာပေါ့နော်။မနေ့က ညည်းသန်းခေါင်ယံမှာ ဖမ်းတယ်။ ဒီနေ့ မနက် ၉နာရီလောက်တော့ စစ်တွေကိုခေါ်သွားကြတယ်။ " ဟု ကျောက်တော်မြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင်ကပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါတီအသီးသီးကို ဖိတ်ခေါ်ကာ ဆက်လက် လုပ်ဆောင်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်နိုင်ခြင်းမရရှိခဲ့ပေ။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...