သျှမ်းပြည်နယ်အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းရှင်းတမ်းစာစောင် ပထမဆုံးအကြိမ် ထုတ်ဝေ

သျှမ်းပြည်နယ်အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းရှင်းတမ်းစာစောင် ပထမဆုံးအကြိမ် ထုတ်ဝေ

သျှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်စာစောင် (Citizen’s Budget) ပထမဆုံးအကြိမ် မိတ်ဆက်ရှင်းလင်းပွဲ အခန်းအနားကို ဇန်နဝါရီ (၃၁) ရက်နေ့က တောင်ကြီးမြို့၊ Taunggyi City Hotel တွင် ကျင်းပခဲ့သည် ။

Photo by SHAN/ တောင်ကြီးမြို့၊ Taunggyi City Hotel တွင် ကျင်းပသော သျှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်စာစောင် (Citizen’s Budget) ပထမဆုံးအကြိမ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား

“ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထု၏ ပူးပေါင်း ပါ၀င်နိုင်မှုမြှင့်တင် အားပေးနိုင်ဖို့အတွက် သတင်းအချက်အလက်များ ပွင့်လင်းမြင်သာစွာမျှဝေခြင်းဟာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်ပါတယ် ။ သျှမ်းပြည်နယ်၏ ၀င်ငွေ နှင့် အသုံးစာရိတ်များကို ကောင်းမွန်စွာ နားလည် သဘောပေါက်လာရန်နှင့် ပြည်နယ်အဆင့် စီမံကိန်းနှင့် ဘတ်ဂျက် ပြင်ဆင်ရေးဆွဲခြင်းများတွင် ပြည်နယ်လူထု ပါ၀င်လာနိုင်မှုကိုတိုးမြှင့် ပေးနိုင်မှုကို ယုံကြည်ကြောင်း ” သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကယင်းမိတ်ဆက်ပွဲ အခမ်းအနားတွင်ပြောကြားခဲ့သည် ။

သျှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေရသုံးဆိုင်ရာ စစ်ဆေးရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က “ ဒီငွေစာရင်းစာစောင် ဖြစ်လာဖို့အတွက် အကြီးမားဆုံးအခက်အခဲကတော့ သျှမ်းအစိုးရကို ကျနော်တစ်နှစ်ခွဲလောက် တိုက်တွန်းခဲ့ရတာပေါ့ ။ ဒီစာစောင်ပေါ်မှာလိုအပ်ချက်ကတော့ ထဲထဲဝင်ဝင်သုံးတဲ့ ငွေစာရင်းခေါင်းစဉ်တစ်ခု ထပ်ထည့်ဖို့ရယ် ၊ ရငွေကိုလည်း တိတိကျကျဖော်ပြပေးဖို့လိုအပ်တယ် ။ သျှမ်းပြည်နယ်အစိုးရဌာနတွေမှာသုံးတဲ့ အခြားသုံးစွဲတဲ့ ငွေကြေးကတော့ကျနော်တို့ လွှတ်တော်ကိုယ် စားလှယ်တွေ ကသေချာမစစ်နိုင်ဘူး ။ အဲ့ဒီအပေါ်မှာငွေတော်တော် လေးဟ နေတာတွေလဲရှိတယ် ။ ကွာခြားချက်တွေလဲရှိတယ် ။ပစ္စည်းစျေးနှုန်းတွေမှာ လဲ ကွာဟမှှုကတော်တော်လေးမြင့်တက်နေတယ် ။ ပြည်သူတွေကို သျှမ်းပြည်နယ်အစိုးရအခွန်အခ ဘယ်လောက်ရသလဲ ၊ ဘယ်ဌာနမှာ ဘယ်လောက်သုံး သလဲ ဘာတွေကိုသုံးစွဲထားလဲဆိုတာကအစ အသေးစိပ်အချက်အလက်ထည့်ဖို့ စဉ်းစားထားတယ် အဲ့ဒီလိုတွေထည့်ဖို့ကိုလဲလွှတ်တော်ထဲမှာ တိုက်တွန်းထားတယ် ” ဟု ပြောသည် ။

သျှမ်းပြည်နယ် ဘဏ္ဍာငွေများထဲတွင် ဘတ်ဂျက်အများဆုံးသုံးဖြစ်သည့် ဌာနများမှာ လမ်းဦးစီးဌာန ၊ ဆည်မြောင်းနှင့် စိုက်ပျိုုးမွေးမြူရေး ဌာန ၊လျှပ်စစ်စသည့် ဌာန သုံးခုကို သျှမ်းပြည်နယ်တွင် ဦးစားပေးပြီး ဆောင််ရွက်ထားသည်ဟု သိရသည် ။

သျှမ်းပြည်နယ် ရသုံးမှန်းခြေငွေစာရင်းစာစောင်ကို သျှမ်းပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် Renaissance institute အာရှဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ထုတ် ဝေခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ၄င်းငွေစာရင်းစာစောင်အား အုပ်ရေတစ်သောင်းငါးထောင် ဖြန့်ချီထားပြီး အရပ်ဖက် လူမှုအဖွဲ့အစည်း များမှ တစ်ဆင့် ပြည်သူများသိရှိနိုင်ရန်ဆောင်ရွက်လျှက် ရှိကြောင်း နောက်ပိုင်းတွင် သျှမ်းပြည်နယ် အစိုးရ ၀ပ်ဆိုဒ် တွင်လည်း ဖော်ပြထား မည်ဖြစ်သည်ဟု Renaissance institute မှ အစီ အစဉ်ညှိနှိုင်း ရေးမှူး – ကိုဟိန်းအောင်ကျော် ထံမှသိရသည် ။

Photo by SHAN/ တောင်ကြီးမြို့၊ Taunggyi City Hotel တွင် ကျင်းပသော သျှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်စာစောင် (Citizen’s Budget) ပထမဆုံးအကြိမ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား

အဆိုပါအခမ််းအနားကို သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ရေး ရာကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ရာကျော်တက်ရောက်ခဲ့ကြောင်းသိ်ရသည် ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...