ဖက်ဒရယ်နိုင်ငံထူထောင်ရေးတွင် ပါဝင်ရန် ဦးရွှေမန်း ပါတီထောင်

ဖက်ဒရယ်နိုင်ငံထူထောင်ရေးတွင် ပါဝင်ရန် ဦးရွှေမန်း ပါတီထောင်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတွင် ပါဝင်နိုင်ရေး အတွက် ပါတီထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မကြာခင် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်တော့မည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

 ဖေဖော်ဝါရီ ၁ရက်က နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ထမင်းစားခန်းမဆောင်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်လွှတ်တော်၊ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းက မီဒီယာများ၏ မေးမြန်းမှုကို အောက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ တစ်တပ်တအား ပါဝင်နိုင်ဖို့အတွက် စဉ်းစားဆုံးဖြတ် ဆောင်ရွက်တာ” ဟု သူရဦးရွှေမန်းက ပါတီထောင်မည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ပြောကြားသည်။

 ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ရပ် ထူထောင်ရေးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက မကြာခန ထုတ်ဖော်ပြောကြားနေသည့် ၎င်းတို့အစိုးရ၏ ရည်မှန်းချက်လည်း ဖြစ်သည်။

မကြာခင် နိုင်ငံရေးပါတီ မှတ်ပုံတင်တော့မည့် သူရဦးရွှေမန်း၏ ပါတီတွင် တပ်မတော်အရာရှိဟောင်းများ၊ ပြည်ခိုင်ဖြိုးလွှတ်တော်ကို်ယ်စားလှယ်ဟောင်းများနှင့် ပညာရှင်တစ်ချို့ပါဝင်ကြောင်း သိရသည်။

 ပါတီနာမည်ကို ‘ပြည်ထောင်စုပါတီ’ ၊ ‘ပြည်သူ့အရေးပါတီ’ ၊ ‘အမျိုးသားအကျိုးစီးပွားပါတီ’ စသည့် နာမည်တစ်ခုခုကို ပေးရန် စီစဉ်ထားသည်ဟု သူရဦးရွှေမန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...