ဦးကိုနီအသတ်ခံရမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ဦးကိုနီအသတ်ခံရမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၏ လူမြင်ကွင်းနေရာတွင် မြေးငယ်ကိုချီလျက်ရပ်နေသည့် တရားလွှတ်တော် ရှေ့နေဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့်အမှုကို လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

 ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မများဖြင့် စွဲချက်တင်စစ်ဆေးနေသည့် သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး တို့ ၃ ဦးကို ၁ဝ၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး နှစ်ဖက်အပြီးသတ်လျှောက်လဲချက် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမှုအား ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ခြင်းဖြစ်ပြီး တရားရုံးလုပ်ထုံးလုပ်နည်းအရ အဆိုအမှုအား စစ်ဆေးခဲ့သည်မှာ ၂ နှစ်ခန့်ထိကြာမြင့် ခဲ့ပြီလည်းဖြစ်သည်။

ယင်းအမှုအတွက် တရားလိုဘက်ကတင်သွင်းထားသော တရားလိုပြသက််သေ ၈ဝ ဦးအနက် ၇၂ နှစ်ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ၈ ဦးကို လိုပြသက်သေ သက်သေစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

ဦးကိုနီလုပ်ကြံခံရမှုမှာ ပြီးခဲ့သည့့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များရှိနေသည့်နေရာတွင်ပင် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့သည့် အမှု ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...