ရဲစည်းကမ်း ဖောက်ဖျက်တာ မရှိဘူး ဟု ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းထောင်မှအထွက်တွင် ပြော

ရဲစည်းကမ်း ဖောက်ဖျက်တာ မရှိဘူး ဟု ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းထောင်မှအထွက်တွင် ပြော

ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်က သူ့အနေဖြင့် ဘာ ရဲစည်းကမ်းဖောက်ဖျက်တာမျိုး မရှိဘူးဟု ယနေ့ အင်းစိန်ထောင်မှ အထွက်တွင် ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ရဲစည်းကမ်းဖောက်ဖျက်သည်ဟု ပြောဆိုခြင်းနှင့်ပတ်သက်၍ " ကျွန်တော့် ရဲသက်တမ်းဘဝတစ်လျှောက်လုံး ကျွန်တော် ဘာရဲစည်းကမ်းမှ ဖောက်ဖျက်တာ မရှိဘူး။ ဖောက်ဖျက်တယ်လို့ ပြောလို့ရတာက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ကျွန်တော်တို့ ဒီ Law တွေနဲ့ ၊ ဥပဒေအရဆို စံချိန်စံညွှန်းတွေနဲ့ မီတဲ့ဥပဒေတစ်ခု မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး နစ်နာတဲ့ ဥပဒေတစ်ခုလို့ ကျွန်တော် မှတ်ယူတယ်။ ဘာကြောင့်  ဒီ ဥပဒေဟာလည်း ဒီမိုကရေစီချီတက်တဲ့လမ်းကြောင်းမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဟာလည်း  ပြုပြင်ရမဲ့ဥပဒေတစ်ခုလို့ ကျွန်တော် မြင်တယ်။

ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် “ ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော်က ဗုဒ္ဓဘာသာပါပဲ။ ကိုယ်က ဖြေသိမ့်နိုင်ပါတယ်" ဟု ယနေ့ အကျဉ်းထောင်မှ အလွတ်တွင် သူက ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အင်တာဗျူးဖြေပေးခဲ့ခြင်းကြောင့် ၂ဝ၁၇ ဒီဇင်ဘာလ၊ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယင်းနောက် ရာထူးမှ ထုတ်ပယ်ခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုတွင်လည်း ဦးမိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရာတွင် သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အကြောင်း၊ ထောက်ချောက်ဆင် ဖမ်းဆီးမှုအား ရဲမှူးချုပ် တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချထွက်ဆိုခဲ့သူဖြစ်သည်။

ထို့ကြောင့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးသည့် ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခဲ့သည့်အပြင် Pen Myanmar မှလည်း ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးမိုးရန်နိုင်အား  လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...