သီပေါစစ်ရှောင်ကလေးများ စာမေးပွဲဖြေနိုင်ရေးအခက်တွေ့

သီပေါစစ်ရှောင်ကလေးများ စာမေးပွဲဖြေနိုင်ရေးအခက်တွေ့
Photo by Mr. Moon On/နားမခေါ်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ်လေးများအား စေတနာရှင်များကကူညီထောက်ပံ့မှုပေးအပ်
Photo by Mr. Moon On/နားမခေါ်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ်လေးများအား စေတနာရှင်များကကူညီထောက်ပံ့မှုပေးအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ကျောင်းနေအရွယ်ကလေးများမှာ စာမေးပွဲဖြေဆိုနိုင်ရန် အခက်ကြုံနေရကြောင်းသိရသည်။

“ စာမေးပွဲဖြေဖို့ စစ်ရှောင်ကလေး က ၁၃၀ လောက်ရှိတယ်။ ပညာရေးဌာန ကတော့ သူတို့ စာမေးပွဲ ဖြေဆိုခွင့်ရအောင် ဘုန်းကြီးကျောင်းမှာပြင်ဆင်ပေးမယ်တဲ့။ ဒါပေမယ့် မိဘက လယ်၊ ယာပြန်ကြည့်ရင် သူတို့ လိုက်ပြန်၊ ပြန်လာရင်လိုက်လာ၊ သွားသွားလာလာ လုပ်နေတော့ ကျောင်းစာသေခြာ မသင်ရဘူးလေ။ သူတို့ စာမေးပွဲဖြေနိုင်ဖို့ အခက်တွေ့နိုင်တယ်” – စစ်ရှောင်များအားကူညီရေးကော်မတီဝင်တဦးကပြောသည်။

ဘုန်းကြီးကျောင်းရောက် စစ်ရှောင်ကလေးများမှာသီပေါမြို့နယ် တောင်ဘက်ခြမ်းရှိ ၀မ့်ဟုမ်ရွာ၊ ဟိုနားရွာ၊ တွန်ကျိုင်းရွာ၊ နိုင်းလုံရွာနှင့် တာလုံ ၅ ရွာမှ ရွာသားများဖြစ်ကြပြီး မူလတန်းအဆင့်ကလေးများ သာဖြစ်ကြောင်းသိရသည်။

“နားမခေါ်ရွာစာသင်ကျောင်းမှာက ကလေး ၂၀၀ ကျော်ရှိပြီ ။ နေရာအဆင်မပြေတော့ ဒီစစ်ရှောင်ကလေးတွေက ဘုန်းကြီးကျောင်းမှာဘဲ ဖြေရမှာ။ သူငယ်တန်းကနေ ၄ တန်းအထိ ရှိကြပါတယ်။ ဖေဖေါ်ဝါရီ လလယ်ပိုင်းလောက် ဖြေ ရမယ်” – ဟု စစ်ရှောင်များအားကူညီရေးကော်မတီဝင်တဦးကပြောသည်။

အဆိုပါစစ်ရှောင်ကလေးများအတွက် စေတနာရှင်များက လာရောက်ကူညီထောက်ပ့ံမှုပေးနေကြောင်းနှင့် အခက်အခဲတော့သိပ်မရှိလှကြောင်း စစ်ရှောင်ကူညီရေးကော်မတီက ပြောသည်။

လက်ရှိ အဆိုပါဒေသတွင် စစ်ရေးတင်းမာမှုများ လျော့သွားပြီဟုဆိုသော်လည်း နားမခေါ်ဘုန်းကြီးကျောင်းတွင် စစ်ရှောင်များ နေရပ်အကုန်မပြန်ရဲကြသေးကြောင်း ၊ သို့သော် နေရပ်ပြန် လယ်ယာသီးနှံများ ကြည့်ရှုနေသူများ ရှိနေ ကြောင်း ၊ထို့အတွက်စစ်ရှောင်ဦးရေမှာလည်း ၅၀၀ ပတ်ဝန်းကျင်တွင် ရှိနေကြောင်း သိရပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...