ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေတို့ကို နိုင်ငံတကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုအတွက် ဗဟိုဘဏ် ခွင့်ပြု

ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေတို့ကို နိုင်ငံတကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုအတွက် ဗဟိုဘဏ် ခွင့်ပြု

ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေတို့ကို နိုင်ငံတကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုအတွက် ဗဟိုဘဏ်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ( ၄/ ၂၀၁၉) ထုတ်ပြန်ကြေညာက ခွင့်ပြုလိုက်သည်။

 နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း Authorized Dealer – AD လိုင်စင်ရ ဘဏ်များတွင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေတို့အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုများဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီလ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါငွေကြေးနှစ်မျိုးအား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများဆောင်ရွက်ရန် AD လိုင်စင်ရ ဘဏ်များ အချင်းချင်း အပြန်အလှန်စာရင်းဖွင့်လှစ်ခြင်းနှင့် စာရင်းရှင်းလင်း ပေးချေခြင်းတို့မှ အပ လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် တရားဝင် အဖွဲ့အစည်းများအတွက် ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားသုံးငွေအဖြစ် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေနှင့် ယူရိုငွေများကို ငွေလဲကောင်တာများနှင့်ဘဏ်များတွင် နိုင်ငံခြားသုံးငွေအဖြစ် ခွင့်ပြုထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...