KIO နှင့် အစိုးရ ဖေဖော်ဝါရီလအတွင်း တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်

KIO နှင့် အစိုးရ ဖေဖော်ဝါရီလအတွင်း တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တရားဝင်တွေ့ဆုံမှုကို လာမည့် ဖေဖော်ဝါရီလအတွင်း၌ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးဆန်းအောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဖေဖော်ဝါရီလအတွင်းမှာ တွေ့ဖို့လုပ်မယ်ဆိုတဲ့ သဘောတူညီမှုတော့ရှိတယ်။ ပြည်တွင်းမှာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဦးဆန်းအောင်က ဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ သေချာသော်လည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ပါဝင်ခြင်း ရှိ၊ မရှိ မသေချာသေးကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ KIO နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ် သဘော တွေ့ဆုံမှုအပြီး ယခုလို တရားဝင်တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအား ရှေ့ဆက်ဖော်ဆောင်ရန် နှင့် နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ဆက်လက်ပါဝင်လာနိုင်ရန် စသည့် အချက်များကို အခြေခံပြီး ဆွေးနွေးသွားဖွယ်လည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်မှ စစ်ဆင်ရေးလှုပ်ရှားမှု များအား ၄ လ တာ ရပ်ဆိုင်ပေးထားမည်ဟု ကြေညာခဲ့ပြီးနောက် အစိုးရ နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့များအကြား တွေ့ဆုံမှုကို အကောင်အထည်ဖော် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...