မြန်မာကလေးများနဲ့ လူငယ်များအတွက် ယူနီဆက်က ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်

မြန်မာကလေးများနဲ့ လူငယ်များအတွက် ယူနီဆက်က ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်

မြန်မာနိုင်ငံရှိကလေးများနဲ့လူငယ်များအတွက် ယူနီဆက်က ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နဲ့ လက်တွဲပြီး ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်လို့ ယူနီဆက် အမှုဆောင် ညွန်ကြားရေးမှူးချုပ် Henrietta H.Fore က ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့က ဦးသန့်နေအိမ်ပြတိုက်မှာ ပြုလုပ်တဲ့ အသက် ၁၁၀ နှစ်ပြည့် ဦးသန့်မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ “ကလေးသူငယ်များနှင့် လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငြိမ်းချမ်းသာယာသည့်အနာဂါတ်ကို တည်ဆေက်ကြပါစို့” ဆိုတဲ့ ဟောပြောပွဲမှာ သူက ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံအနေနဲ့ ခက်ခဲ့တဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ပြီး ရှည်ကြာနေတဲ့ ဒဏ်ရာတွေလည်း ကုစားနိုင်လိမ့်မယ် လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မိမိနိုင်ငံသား ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ တက်လှမ်းရာမှာ တိုးတက်မှုများ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယူနီဆက်အနေဖြင့် ဒီနိုင်ငံ၏ ကလေးငယ်များနှင့် လူငယ်လူရွယ်များ အတွက် နှစ်ပေါင်း ၇၀ ကြာ လုပ်ငန်းများ ဆောင်ရွက်နေခဲ့သည့်အတိုင်း ဆက်လက်ကူညီပံ့ပိုးပေးဖို့လည်း အဆင့်သင့် ရှိနေပါတယ်” လို့ ယူနီဆက် အမှုဆောင် ညွန်ကြားရေးမှူးချုပ် Henrietta H.Fore က ဆိုပါတယ်။

ဒီအတွက်ကြောင့် ယူနီဆက်အနေနဲ့ အခုနှစ်က စတင်ပြီး မြန်မာနိုင်ငံက ကလေးများ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို  ဦးသန့်နေအိမ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဦးသန့်ကို အောက်မေ့သတိရတဲ့အခါမှာ သူပြောခဲ့တဲ့စကားကို လိုက်နာကျင့်သုံးရမယ်လို့ ဦးသန့်ရဲ့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ဒီနေ့ပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ အားလုံး ဦးသန့်ကို အောက်မေ့ သတိရကြတဲ့အခါ သူပြောခဲ့တဲ့ တစ်ဦးချင်းရဲ့ လူသား ဂုဏ်သိက္ခာ အခရာကျမှုနဲ့ ယနေ့ခေတ် ရှောင်လွဲလို့မရတဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းတွေကို ရှာဖွေရန် အရေးကြီးမှုတွေကို လက်ခံကြိုဆိုရကြရအောင်လို့ ပြောကြားလိုပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်လာခဲ့တာကို တွေ့ရပါ တယ်။ ဒါအပြင် အရင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်း ၊ ဦးစိုးသိန်း တို့ တက်ရောက်လာသလို ဦးကိုကိုကြီး ၊ ဦးဂျင်မီ စတဲ့ နိုင်ငံရေးလောကမှ ထင်ရှားသူတွေလည်း တက်ရောက်လာခဲ့ပါတယ်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...