ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့တွေ့ဆုံ

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် (PC) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့ ဦးဆောင် သည့် အဖွဲ့တို့ တွေ့ဆုံခဲ့ကြ ကြောင်းသိရသည်။

ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇန်နဝါရီ ၂၃ ရက်နေ့ကတွေ့ဆုံခဲ့ကြဖြင်းဖြစ်ကြောင်းလည်း သိရသည်။

အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်သည် ယင်းမတိုင်မီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်များဖြစ်ကြသည့် ရက္ခိုင့်တပ်မတော် (AA)၊ ကိုးကန့်တပ် (MNDAA)၊ ပအာင်းတပ် (TNLA)နှင့် ကချင်လွတ်လပ်ရေးတပ် (KIA/ KIO)  တို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

“ကျွန်တော့်အနေနဲ့ပြောခွင့်မရှိပါဘူးဗျ။ တွေ့တာတော့တွေ့ပါတယ်။ အခြေအနေကောင်းပါတယ်ဗျ” ဟု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကဆိုသည်။

အဆိုပါတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကော်မရှင် (PC) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် PC အဖွဲ့ဝင်များတက်ရောက်ခဲ့သည်ဟုသာ ၄င်းကပြောဆိုခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်နေ့တွင် တရုတ်ကိုယ်စားလှယ်နှင့် တပ်မတော်တို့တွေ့ဆုံမှု၌ ရခိုင်ပြည်နယ်အတွင်း AAအဖွဲ့မှ နယ်ခြားစောင့်ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့ခြင်းသည် လက်မခံနိုင်စရာတာဝန်မဲ့လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာရှုတ်ချသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်မှထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးကိုအထူးအာရုံစိုက် ကူညီပေးလာသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအောင်းတိုင်း ရင်းသားလွတ်မြောက်ရေး အဖွဲ့ (TNLA)၊ မြန်မာ တိုင်းရင်းသားများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) နှင့် တပ်မတော်တို့ အကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့မှုကြောင့် တရုတ်နိုင်ငံထဲသို့ စစ်ဘေးရှောင်သောင်းနှင့်ချီ၍ ဝင်ရောက်လာခဲ့ဖူးသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...