လမင်းတရာ ဇာတ်ပွဲကား တိမ်းမှောက်၍ ၉ ဦး ဒဏ်ရာရ

လမင်းတရာ ဇာတ်ပွဲကား တိမ်းမှောက်၍ ၉ ဦး ဒဏ်ရာရ

မွန်ပြည်နယ်မှ “လမင်း၏ လမင်းတရာ” ဇာတ်ပွဲကားတစ်စီးသည်  ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က ကျိုက်ထိုမြို့အဝင် လမ်းခုလတ်တွင် တိမ်းမှောက်ခဲ့ပြီး  ယာဉ်ပေါ်ပါလာသူ ဇာတ်လုပ်သား ၅၀ ဝန်းကျင်အနက် ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးမှ သိရသည်။

မွန်ပြည်နယ်သဘင်အစည်းအရုံးအလုပ်အမှုဆောင်ကော်မတီ ပြန်ကြားရေးမှူး ဦးဖိုးဖြူက “သူတို့က ခရီးဝေးကနေပြန်လာတာ။ ကားဘီးပေါက်ပြီး လမ်းဘေးကို ကားချတဲ့နေရာမှာ မှောင်နေတော့ ချိုင့်ကြီးဖြစ်နေတော့ ကားက ချိုင့်ထဲကို လဲကျသွားတယ်။ ထမင်းချက်နဲ့ နောက်တစ်ယောက် ဒဏ်ရာနည်းနည်းစိုးရိမ်ရတယ်။ အခု သူတို့အတွက် မွန်ပြည်နယ်သဘင်ကလည်း ကူညီနိုင်သလောက်ပြန်ကူမယ်” ဟု ပြောသည်။

 

ဒဏ်ရာရရှိသူများကို ကျိုက်ထိုမြို့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ယင်းတို့အနက်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အတွက် မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရကြောင်း  ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ဇာတ်သဘင်လုပ်သားများနှင့် သဘင်ပညာသည်များသည် ယာဉ်မတော်တဆထိခိုက်မှု အသက်အာမခံမရှိခြင်းကြောင့် နစ်နာမှုများရှိနေပြီး လက်ရှိတွင် သဘင်သည်အချင်းချင်း နားလည်မှုဖြင့် အပြန်အလှန်ကူညီနေရကြောင်း မွန်ပြည်နယ်ဇာတ်သဘင်အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး ဦးဂွတ်ရှယ်က ပြောသည်။

“သူတို့တွေကို ကူညီပေးဖို့ ငွေပိုင်းဆိုင်ရာတွေဟိုစု ၊ဒီစု လုပ်နေပြီ။ ကိုယ်တို့မှာက အဲ့လိုတခုခုဖြစ်ရင် ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့ စနစ်လေးတခုဖန်တီးထားတဲ့အတွက် အောင်လည်းအောင်မြင်လာပါပြီ။ သီးသန့် ဘယ်လောက်ထောက်ပံ့ဖို့ဆိုပြီး စနစ်တခုကတော့မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ယခုနှစ် မွန်ပြည်နယ်တွင် ယခုနှစ် မြန်မာဇာတ်ပွဲ ၃၅ ဇာတ်နှင့် မွန်ဇာတ်ပွဲ ၉ ဇာတ် စုစုပေါင်း ၄၄ ဇာတ်ရှိကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးမှသိရသည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...