ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက မွန်အမျိုးသားနေ့ဗဟိုသို့ ငွေကျပ် ၃၅ သိန်းထောက်ပံ့

ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက မွန်အမျိုးသားနေ့ဗဟိုသို့ ငွေကျပ် ၃၅ သိန်းထောက်ပံ့

လာမည့်တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်သော ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက  ငွေကျပ် ၃၅ သိန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် ဇန်နဝါရီ ၂၁ ရက်နေ့လည်ပိုင်းက ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အမှူးပြုသော ဌာနဆိုင်ရာအရှာရှိများနှင့် မွန်အမျိုးသားကျင်းပရေးကော်မတီ ဗဟိုဥက္ကဌ နိုင်စိုးသိန်း ဦးဆောင်သော အဖွဲ့ဝင်များတို့ တွေ့ဆုံစဉ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်စိုးသိန်းက “တိုင်းရင်းသားဝန်ကြီးက မွန်အမျိုးသားနေ့ဗဟို ဥက္ကဌအနေနဲ့ အကြိမ်တော်တော်များ ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံ တော်တော်ရှိခဲ့ပါတယ်၊ ဒါကြောင့် ဒီနှစ်ပဲခူးမှာ ပထမဦးဆုံးကျင်းပတာဖြစ်လို့ သူ့ဆီကအကြံဉာဏ်တွေ တောင်းခံပါတယ်”ဟု ပြောသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီးများ  မွန်အမျိုးသားနေ့ဗဟို အခမ်းအနားသို့ တက်ရောက်ချီးမြင့်ရန် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးမှတဆင့် ဘိတ်ကြားလွှာများ ပေးအပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ မွန်အမျိုးသားကျင်းပရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့ပြီး အခမ်းအနားကျင်းပမည့်ပုံစံများအား ဆွေးနွေးရှင်းပြခဲ့ကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဗဟို အထွေထွေအတွင်းရေးမှူး မင်းဗညားဉာဏ်ထွန်းက ဆိုသည်။   

မင်းဗညားဉာဏ်ထွန်းက “အခမ်းအနား ၃ ရက် ကျင်းပပုံအစီအစဉ်တွေကို အကြမ်းဖျဉ်းတင်ပြဆွေးနွေးပါတယ်၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေဝင်ရောက်ကူညီရမယ့် အပိုင်းတွေ အထူးသဖြင့် လုံခြုံရေးအပိုင်း စည်ပင်သာယာရေးအပိုင်းတွေ ဆွေးနွေးခဲ့တာပေါ့” ဟု ပြောသည်။

မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားရင်ပြင်တော်၌ လာမည့်ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်၍ ၃ ရက်တိတိအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ မွန်အမျိုးသားနေ့ကျရောက်သည့် နံနက်ပိုင်း၌ နေရာ ၃ နေရာမှ ဘင်ခရာအဖွဲ့ ၃ ကြောင်းချီတက်၍ အလံတော်အလေးပြုခြင်းအခမ်းအနား၊ ညပိုင်းတွင် ဟောပြောမှုအစီအစဉ်၊ မွန်ရိုးရာရှေးဟောင်းအဆိုအက၊ ခေတ်ပေါ်တေးဂ႘တ၊ ယိမ်းအလှပဒေသာအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ရန် စီစဉ်ထားကြောင်း သူကဆက်ပြောသည်။

ယခုနှစ် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားဗဟိုကျင်းပရန် ဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်းတစ်ထောင့်နှစ်ရာ( (၁၂၀,၀၀၀,၀၀၀) ခန့် လျာထားကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...