ထွေအုပ်ဝန်ထမ်းများ လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထွေအုပ်ဝန်ထမ်းများ လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ထွေအုပ်ဝန်ထမ်းများအနေဖြင့် လိမ္မာဖို့နှင့် ဖြောင့်မတ်ဖို့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောကြားလိုက် သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို႕တွင် ပြုလုပ်ခဲ့သည့်လူထုတွေ့စုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

"မနက်က ကျောင်းသားကောလိပ်တစ်ခုကိုရောက်တော့ အဲ့ဒီထဲလူငယ်တစ်ယောက်က ထွေအုပ်လုပ်ချင်တယ် လို့ ပြောတယ်။ ဘာဖြစ်လို့ထွေအုပ်လုပ်ချင်တာလဲလို့ ကျွန်မမေးလိုက်တယ်။ ထွေအုပ်ဆိုရင် ဘာတွေများ အခွင့်အရေးတွေရလို့ ထွေအုပ်လုပ်ရင်ကောင်းမှာလဲ တွေးလဲပေါ့။ ကြုံတုန်းကျွန်မတစ်ခါထဲ ပြောပါရစေ။ ထွေအုပ်တွေကလိမ္မာဖို့လိုတယ်။ ဖြောင့်မတ်ဖို့ လိုတယ်။ လိမ္မာတယ်ဆိုတာ ကိုယ့်အတွက် လိမ္မာဖို့ပြောတာ မဟုတ်ပါဘူး။ ကိုယ်တာဝန်ယူထမ်းဆောင်နေတဲ့ အရပ်ဒေသအတွက် လိမ္မာဖို့ပြောတာပါ "ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က မှ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၀ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ချင်းပြည်နယ်မှ လူငယ်များအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊ပညာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင်ပါဝင်လုပ်ကိုင်လိုစိတ်ရှိခြင်းသည် အခြား ပြည်နယ်နှင့် တိုင်းများသာလွန်သည့် အချက်ဖြစ်ကြောင်း အခမ်းအနားတွင် ချီးမွမ်းပြောကြားခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...