အဂတိလိုက်စားမှုဖယ်ရှားရေးသည် အစိုးရ၏ ဦးတည်ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အဂတိလိုက်စားမှုဖယ်ရှားရေးသည် အစိုးရ၏ ဦးတည်ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အဂတိလိုက်စားမှု ဖယ်ရှားရေးသည် အစိုးရ၏ ဦးတည်ချက်တစ်ခု ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် သွားရောက်ခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ သီကီရ်ရေလှောင် တမံနှင့် အသေးစားရေအား လျှပ်စစ်စက်ရုံဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်စဉ် ယင်းသို့ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်။

“ဒီမိုကရေစီစနစ်ကြောင့်လည်း အဂတိလိုက်စားခြင်းကိုဖယ်ရှားနိုင်တဲ့ အခွင့်အရေးတွေရပါတယ်။ ဒါကလည်း ကျွန်မတို့ အစိုးရရဲ့ ဦးတည်ချက်တစ်ခုဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုကင်းရှင်းမှသာ နိုင်ငံ၏အရင်းအမြစ်များ ၊ ပြည်သူနှင့်သက်ဆိုင်သည့် ပစ္စည်း ၊ ဘဏ္ဍာများကို ခိုးယူမည့် သူများကို ဖယ်ရှားနိုင်မည်ဟုလည်း သူကဆိုသည်။

ရန်သူမျိုး ငါးပါး ဖြစ်သော ရေ၊ မီး၊ မင်း၊ မချစ်မနှစ်သက်သောသူနဲ့ ခိုးသူဆိုပြီး သတ်မှတ်ထားကြောင်း ပြောဆိုရာတွင် ခိုးသူနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းထားပြီး ယခင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ကော်မရှင်မှ ဆောင်ရွက်ချက်များတွင် ထင်ရှားသည့်အမှုများမှ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ၊ FDA ညွှန်ချုပ်တို့အား အရေးယူခြင်းများဖြစ်ပြီး အစိုးရဝန်ထမ်းများကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲကို ဖလမ်းမြို့နှင့် တီးတိန်မြို့တွင် ပြုလုပ်နေသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...