မွန်ပြည်နယ် လင်းယုန်စီမံချက် (၆) ရက်အတွင်း စည်းကမ်းပျက်ယာဉ် ၂၆၀၀ ကျော်အရေးယူခဲ့

မွန်ပြည်နယ် လင်းယုန်စီမံချက် (၆) ရက်အတွင်း စည်းကမ်းပျက်ယာဉ် ၂၆၀၀ ကျော်အရေးယူခဲ့

မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် လင်းယုန်စီမံချက် စတင်ဆောင်ရွက်ခဲ့သော ဇန်နဝါရီလ ၁၅ ရက်မှ ၆ ရက်တာကာလအတွင်း စည်းကမ်းပျက်ယာဉ် ၂၆၂၀ စီးဖမ်းဆီးအရးယူခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၀ နာရီအချိန်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အောင်ဆန်းခန်းမ၌ လင်းယုန်စီမံချက်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက "စီမံချက် (၆) ရက်တာကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၁၄ မှုဖြစ်ပွားခဲ့ပြီးတော့မှ သေဆုံးသူ ၆ ဦးနဲ့ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့တာကို တွေ့ရပါတယ်။ ယာဉ်အသုံးပြုသူ ၂၇၂၄ ဦးကို အသိပညာပေးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးအရေးယူမှု အပိုင်းမှာတော့ ၁၄၆ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ ယာဉ်မတော်တဆမှုက အမှုပေါင်း ၂၀ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူ ခြောက်ဦး၊ ဒဏ်ရာရသူ ၂၇ ဦးရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်"ဟု ဆိုသည်။

ယင်းတွင် မော်တော်ဆိုင်ကယ် ၂၃၅၁ မှု၊ မော်တော်ယာဉ် ၂၀၉ မှု၊ သုံးဘီးဆိုင်ကယ် ၂၈ မှု၊ ဘေးတွဲဆိုင်ကယ် ၂၇ မှု၊ ထော်လာဂျီ ၄ မှု အရေးယူခံထားရပြီး ဦးထုပ်မဆောင်းခြင်း၊ နောက်ကြည့်မှန်မပါခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်း၊ ခါးပတ်မပတ်ခြင်း စသည့်အကြောင်းအရင်းများဖြင့် အရေးယူခံထားရခြင်း ဖြစ်သည်။

သို့ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဒေသခံများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပေးဟောပြောစေခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့်ယာဉ်လိုင်စင်များပြုလုပ်ရန် ကာလရှည်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း မုဒုံမြို့နယ် ကလော့သော့ကျေးရွာသား မင်းချင်းမွန်က ပြောသည်။

မင်းချင်းမွန်က “ဒီလင်းယုန်စီမံချက်က မြို့ပေါ် လမ်းမကြီးပေါ်မှာပဲ လုပ်မယ်လို့ ကျွန်တော်တို့ ထင်ထားတယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ ရွာတွေထဲအမှာရော ဂိတ်လာချပြီးတော့ ဆိုင်ကယ်တွေဖမ်းတယ်၊ ဆိုင်ကယ်ဦးထုပ်မဆောင်းထားတာတွေ၊ ယာဉ်မောင်းလိုင်စင်မရှိတာတွေရော ဖမ်းတော့ ဒေသခံတွေအတွက် အခက်အခဲဖြစ်တယ်” ဟု မင်းချင်းမွန်က ပြောသည်။

ယင်းသို့ လင်းယုန်စီမံချက်မပြုလုပ်မီတွင် ပညာပေးမှုအနေဖြင့် ဇန်နဝါရီ ၈ ရက်နေ့မှစတင်၍ တစ်ပတ်အတွင်း ၂၅ ကြိမ်၊ စီမံချက်ကာလအတွင်း ၃၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...