စစ်ရေးလေ့ကျင့်မှုကြောင့် တောင်သူများသွားလာရေးအခက်အခဲ့ ကြုံတွေ့

စစ်ရေးလေ့ကျင့်မှုကြောင့် တောင်သူများသွားလာရေးအခက်အခဲ့ ကြုံတွေ့

ပြီးခဲ့တဲ့ လပိုင်းတုန်းက ဖရူဆိုမြို့နယ် အမှတ် (၁၄) တပ်က စစ်ရေးပြုလုပ်ခဲ့ကြောင့် သီးနှံရိတ်သိမ်းချိန် တောင်သူများအခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။

ဦးသဲရယ်က ” လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ကြတယ်၊ အဲ့မှာလည်း ကျနော်တို့ ရိတ်သိမ်းချိန်လည်း ဖြစ်တဲ့ခါကျတော ကျနော်တို့ တောင်ယာသွားတာနဲ့ ရိတ်သိမ်းတဲ့ဟာနဲ အများချည်း ထိခိုက်နစ်နာမှရှိတာပေါနော်။ လက်နက်ပစ်မယ်၊ လေ့ကျင့်မယ်ဆိုရင် တောင်ယာမသွားရဘူးဆိုတော ကျနော်တို့လည်း ဒီတပ်ဧရိယာနဲ့ နီးတဲ့တောင်တွေမှာလည်း သွားစရာရှိတဲ့ခါကျတော အဲလိုပိတ်လိုက်ပြီဆိုလို့ရှိရင် အလုပ်လုပ်လို့ မရတောဘူး၊ ဒါကျွန်တော်တို့ စိုက်ပျိုးရေးအတွက် တစ်ဖက်တစ်လမ်းအနေနဲ့ ထိခိုက်မှုရှိတယ်။” ဟုပြောသည်။

စစ်ရေးလေ့ကျင့်မှုကြောင့် တောင်သူများ သွားလာမှု ခက်ခဲရှိနေရိတ်သိမ်းချိန်နဲ့ တိုးနေတာ ကြောင့် စိုက်ပျိုးရေးအတွက် နှောက်နှေးမှုများရှိခဲ့သည်။

တစ်သီးသာ စိုက်ပျိုးသည့် တောင်သူများအတွက် ယခုလိုစစ်ရေးလေ့ကျင့်မှုတွေ ရှိနေတာကြောင့် ဝမ်းရေအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်ဟု သိရသည်။

တောင်ယာသွားသည့်အချိန်တွင် စစ်တပ်က တွေ့ရှိပါက ပြန်ခိုင်းခြင်း၊ နွားများသွားလာပါက နွားများကိုကြိုးဖြင့်ချည်ထားခြင်း စသည်တို့ကို ပြုလုပ်နေသည်ဟုသိရသည်။

ဒီဖြစ်စဉ်အပေါ် ဖရူဆိုမြို့နယ် လောဂျာကျေးရွာနေ ဦးဘျားရယ် က “ကျတော်တို့ တောင်သူတွေအတွက် လုံးဝအဆင်မပြေဘူးပေါ၊ သီးနှံထွက်ချိန်မှာ ဒီလိုကာလ ရှည်ပြီးစစ်ရေးလေ့ကျင့်တာ ကိုယ့်ခြံထဲကိုယ်သွားချင်တာတောင် သွားခွင့်မရှိဘူးလေ၊ ဒီကြားကာလမှာလည်း စစ်ရေးလေ့ကျင့်ရင်းနဲ ထွက်ပြေးတဲ့သူလည်းရှိတယ်၊ ဘယ်သွားဘယ်လာလဲဆိုတာ မသိဘူး၊ မိန်းကလည်းတွက်လည်း လုံခြုံမှုမရှိတောဘူးလေ၊တောင်သူတွေအတွက် တကယ်ဒုက္ခရောက်တယ် ၊လုံးဝအဆင်မပြေဘူးပေါ။”ဟု ပြောသည်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက စစ်ရေးလေ့ကျင့်မှုမရှိခဲ့သည့်အချိန်တွင် သုံးလေးရက်နှင့် သီးနှံရရှိသွားသည်ဟု သိရသည်။ ယခုနှစ်တွင်မူ သုံးလဝန်းကျင်ကြာသိတိုင် လုပ်ဆောင်ခဲ့ရသည်။ ခြံစည်းရိုးများလည်း ပျက်စီးကုန်ကြောင်း ၊ သီးနှံများလည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...