ဘီလူးချောင်းအတွင်း မျောလာသောတုတ်ချောင်းအား ဆင်းဆယ်ရာမှ (၈)တန်းကျောင်းသူတစ်ဦး ရေနှစ်သေဆုံး

ဘီလူးချောင်းအတွင်း မျောလာသောတုတ်ချောင်းအား ဆင်းဆယ်ရာမှ (၈)တန်းကျောင်းသူတစ်ဦး ရေနှစ်သေဆုံး

ဘီလူးချောင်းအတွင်းမျောလာသောတုတ်ချောင်းအားဆင်းဆယ်ရာမှ (၈)တန်းကျောင်းသူတစ်ဦးရေနှစ်သေဆုံး သည့်ဖြစ်ရပ် လွိုင်ကော်မြို့ ၊ ဒေါတမရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု လွိုင်ကော်မြို့နယ်ရဲစခန်းမှသိရသည်။

စိုက်ပျိုးရေးနှင့်သုတေသနရုံးဝန်း အနောက်ရှိ ဘီလူချောင်းရေချိုးဆိပ်ကျောက်ဆောင်တွင် သူငယ်ချင်းဖြစ်သူတို့နှင့်အတူ ရေချိုးရန်ထိုင်နေစဉ် ချောင်းအတွင်းမှ မျောလာသောတုတ်ချောင်းအားမနန်းသီတာအောင် ဆင်းဆယ်ရာမှ ရေနှစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ရေနှစ်သေဆုံးသူမနန်းသီတာအောင်မှာလွိုင်ကော်မြို့ ဒေါတမ အထက (၅) တွင်ပညာသင်ကြားနေသော (၈)တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အများပြည်သူဝိုင်းဝန်းရှာဖွေခဲ့ရာနေ့လည် (၁)နာရီတွင် ဆယ်ယူတွေ့ရှိခဲ့သည်။

ဒေါတမရပ်ကွက် ဘီလူးချောင်းရေချိုးဆိပ်တွင် ကျောင်းသူတစ်ဦးရေနှစ်သေဆုံးကြောင်းသတင်းအရတာဝန်မှူး ဒုရဲအုပ်သော်တာဦးနယ်ထိန်းခေါင်းဆောင်ရဲအုပ်သီဟစိုးနှင့် တပ်ဖွဲ့ဝင်များသက်သေနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာရေနှစ်သေဆုံးသူမှာမနန်းသီတာအောင် ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။

သေဆုံးသူ မနန်းသီတာအောင်ကို မှုခင်းဆေးစာဖြင့် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းဌေး မှ ကိုယ်တိုင် သတင်းချက် ရေးဖွင့်တိုင်တန်း၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...