နေအိမ်တစ်လုံးတွင် အက်ဖီဒရင်းဟု ယူဆရသောအဖြူရောင်အမှုန့် အလေးချိန် (၈၁၅) ဂရမ်ကိုတွေ့ရှိ

နေအိမ်တစ်လုံးတွင် အက်ဖီဒရင်းဟု ယူဆရသောအဖြူရောင်အမှုန့် အလေးချိန် (၈၁၅) ဂရမ်ကိုတွေ့ရှိ

မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မ၏နေအိမ်အားမူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရမူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၃၉/၂၀၁၈) ဖြင့် ဝင်ရောက် ရှာဖွေခဲ့သည်။

ထို့သို့ရှာဖွေရာခင်စိုးမြင့်၏ အိပ်ခန်းဝဲဘက်ထရံတွင် ချိတ်ထားသောအနီရောင်လွယ်အိတ်ထဲမှ တိတ်အကြည်ဖြင့် ပတ်ထားသောအမဲရောင် ကြွပ်ကြွပ်အိတ်အထုပ်အတွင်းစိတ်ကြွရူးဆေးပြားထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုသည့် အက်ဖီဒရင်းဟုယူဆရသောအဖြူရောင် အမှုန့်အလေးချိန် (၈၁၅) ဂရမ်ခန့်ပါ အထုပ် ၁ ထုပ်အားတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။

ဒီဇင်ဘာလ ၂၀ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေဦးမောင်ကျော်မှ လာရောက်ပို့ဆောင်ပေးသော ပစ္စည်းများဖြစ်ကြောင်းသိရှိရပြီးသက်သေများရှေ့တွင် ခင်စိုးမြင့် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါသည်။

သို့ဖြစ်၍ အက်ဖီဒရင်းများနှင့်အတူတွေ့ရှိသူခင်စိုးမြင့် (ဘ) ဦးစိုးထွန်း (၃၂)နှစ်၊ အက်ဖီဒရင်းများပို့ဆောင်ပေးသူမောင်ကျော်(ခ) အောင်ကျော် (ဘ) ဦးပန် (ဖမ်းမမိသေး)တို့နှစ်ဦးအားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူပေးပါရန်မူးယစ်တပ်ဖွဲ့စု(၂၀) မှ ဒုရဲအုပ်မျိုးမင်းဆွေ တိုင်တန်းခဲ့ကြောင်းလွိုင်ကော်မြို့မရဲစခန်းမှ သိရှိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...