တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်သူတစ်ဦး အရေးယူခံရ

တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်သူတစ်ဦး အရေးယူခံရ

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေကွင်းဆက်တရားခံဖြစ်သည့် ဦးမောင်ကျော် (ခ) အောင်ကျော်၏ နေအိမ်တွင် တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၀) မှ ဒုရဲအုပ်မျိုးမင်းဆွေက ဥပဒေအရ အရေးယူပေးနိုင်ရန် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

ဦးမောင်ကျော် (ခ) အောင်ကျော်၏ အိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ၎င်းအိပ်သည့် အိပ်ခေါင်းရင်းတွင် ကျည်အိမ်အတွင်းပွိုင့် ၂၂ ကျည် (၅)တောင့် ထည့်ထားလျှက် အရှည် (၃)ပေခွဲခန့်ရှိပွိုင့် ၂၂ အမျိုးအစားနံပါတ်မပါ ကျည်သေနတ်(၁)လက်အားထောင်ထားလျှက် တွေ့ရှိရပြီးသက်သေများရှေ့တွင် ဦးမောင်ကျော် (ခ) အောင်ကျော် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မထံသို့ စိတ်ကြွဆေးပြားများထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုသည့် အက်ဖီဒရင်းများအားသွားရောက်ပို့ဆောင်သူလွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေကွင်းဆက်တရားခံဖြစ်သည့် ဦးမောင်ကျော် (ခ) အောင်ကျော် ၏ နေအိမ်သို့ မူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၄၀/၂၀၁၈) ဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...