မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေသည် မြေသိမ်းရန်အတွက်သာဖြစ်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေသည် မြေသိမ်းရန်အတွက်သာဖြစ်

၂၀၁၈ခုနှစ်တွင် ပြင်ဆင်ပြဌာန်းလိုက်သည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ ထွက်ပေါ်လာ ရခြင်းသည် မြေသိမ်းရန်အတွက်သာ ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေက ဆိုသည်။

“ဒီဥပဒေက ဌာနေတိုင်းရင်းသားတွေအတွက် ကောင်းကိုမကောင်းဘူး၊ ဘယ်သူ့အတွက်မှမကောင်းဘူး။ ဒီဥပဒေထွက်လာတာက မြေသိမ်းဖို့ထွက်လာတာ၊ မရှိသင့်ဘူး။” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။

လက်ရှိ ထပ်မံပြင်ဆင်လိုက်သည့်ဥပဒေသည် ဌာနေတိုင်းရင်းသားများ၏ အခြေအနေများ၊ ရိုးရာဓလေ့များကို မသိရှိဘဲ၊ လေ့လာခြင်းမရှိဘဲ ပြင်ဆင်ရေးဆွဲနေကြသည့်အတွက် ယခုဥပဒေကို လွှတ်တော်အမတ်များ၊ ဥပဒေပညာရှင်များ ပြန်လည်ဆန်းစစ်သင့်ကြောင်း ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက ပြောသည်။

̏ ဒီလိုဥပဒေလမ်းကြောင်းအရ မရှင်းတဲ့ဟာတွေ၊ အထူးသဖြင့် ဒေသခံပြည်သူတွေရဲ့ နေထိုင်မှုဓလေ့တွေကို မသိဘဲနဲ့ ပြဌာန်းလိုက်တဲ့ ဥပဒေတွေ၊ ညွှန်ကြားချက်တွေက အရမ်းကို ဆိုးဝါးလွန်းတယ်ပေါ့။ ˝ ဟု ၎င်းကဆိုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်သည့်အချိန်မှစ၍ ၆လအတွင်း မှတ်ပုံတင်ခြင်းမရှိလျှင် တရားဥပဒေအရ တရားစွဲခံရမည်ဟုဆိုရာ ၎င်း၆လအတွင်း သွားရောက်လျှောက်ထားရာတွင်လည်း မရနိုင်လျှင် တောင်သူနှင့် အစိုးရကြား ပဋိပက္ခဖြစ်မည်ကို စိုးရိမ်ကြောင်း ဒုန်းဒူထန်ကျေးရွာမှ ခွန်းအောင်ထွန်းဦးကပြောသည်။

“ဥပဒေပြဌာန်းပြီး ၆လအတွင်းမှတ်ပုံတင်မလျှောက်ရင် အရေးယူမယ်ပြောတယ်။ အကယ်၍ ကျွန်တော်တို့သွားလျှောက်ရင်ရော သူတို့တကယ်ပေးပါ့မလား၊ မပေးနိုင်ဘူးဆိုရင် အစိုးရနဲ့ တောင်သူအကြား ပဋိပက္ခဖြစ်လာမှာကို ကျနော်စိုးရိမ်မိပါတယ်။” ဟု ဒုန်းဒူထန်ကျေးရွာမှ ခွန်းအောင်ထွန်းဦးကပြောသည်။

ဥပဒေဘောင် ၃၉၅မျိုးရှိသော်လည်း ၎င်းဥပဒေများထဲတွင် ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေများနှင့် ပတ်သက်၍ အကာအကွယ်တစ်စုံတစ်ခု မရှိသေးသည်ကို တွေ့ရကြောင်းနှင့် ဌာနေတိုင်းရင်းသားများအတွက် အကာအကွယ်ပေးရမည်ကို မပေးသည့်အပြင် ဌာနေတိုင်းရင်းသားများကို နေရပ်မှ မောင်းထုတ်သည့် ၎င်းဥပဒေမရှိသင့်ကြောင်း တရားလွှတ်တော်ရှေ့နေဦးမြင့်သွင်က ဆိုသည်။

အမျိုးသားမြေအသုံးချမှု စီမံခန့်ခွဲရေးဥပဒေ ထွက်ပေါ်လာမှသာလျှင် လက်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေက ပျက်ပြယ်သွားမည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားမြေအသုံးချမှု ဥပဒေအမြန်ဆုံးထွက်ပေါ် လာရန် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပညာရှင်များ ကြိုးပမ်းသင့်ကြောင်း ဦးမြင့်သွင်က ပြောပါသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...