ကန်ကြီးထောင့် ကရင်နှစ်သစ်ကူးတွင် ခလီကွေးဂန်း (လှေကြီးပွဲ) ထည့်သွင်းကျင်းပမည်

ကန်ကြီးထောင့် ကရင်နှစ်သစ်ကူးတွင် ခလီကွေးဂန်း (လှေကြီးပွဲ) ထည့်သွင်းကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာ၌ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျ ရောက်သော ၂၇၅၈ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးအထိမ်းအမှတ် နှစ်ဦးကုသိုလ်အဖြစ်လှေကြီးပွဲ ၊ ကရင်အခေါ်( ခလီကွေးဂန်း)ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှေကြီးပွဲကို ကရင်နှစ်သစ်ကူးနေ့ မတိုင်ခင် တစ်ရက်၊ နှစ်ရက် အလိုတွင် ကောက်သစ်စားပွဲနည်းတူ ထည့်သွင်းကျင်းပကြသော ဒေသခံဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများ၏ ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း ကန်ကြီး ထောင့်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းစန်းဝင်းက ပြောသည်။

“ဒီမှာလုပ်တာကတော့ ဗုဒ္ဓဘာသာ ဆန်တယ်။ ကောက်သစ်စားပွဲ ဆန်ဆန်ဘဲ။ တစ်နေရာနဲ့ တစ်နေရာလုပ်တာ တော့ မတူဘူး။ ကရင်နှစ်သစ်ကူးအတွက် နှစ်ဦးကုသိုလ် အလှူဒါနတစ်ခုအနေနဲ့ ထည့်သွင်းပြီးတော့ လုပ်တာ ဖြစ်တယ်”ဟု မန်းစန်းဝင်းက ကေအိုင်စီသို့ ပြောသည်။

လှေကြီးပွဲကိုပြုလုပ်ရာတွင် ဝါး၊ ကျူ စသည်တို့ကို လှေပုံစံ ရက်လုပ်ကာ အဆိုပါ လှေထဲတွင် စပါးသစ်၊ ပြောင်း ဖူးစသည့် ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံများအပြင် ကောက်ညှင်းပေါင်းကဲ့သို့သော ကရင်ရိုးရာအစားအ သောက်များထည့်ကာ မြတ်စွာဘုရားအား ရည်မှန်းပူဇော်ကုသိုလ်ယူပြီးနောက် ပွဲတော်လာရောက်သူ များအား ပြန်လည် ကျွေးမွေးခြင်း ဖြစ်သည်။

ကန်ကြီးထောင့် မြို့နယ်တွင် ပြုလုပ်မည့် မဂ္ဂင်ဖောင် လှေကြီးပွဲတွင် ပြသထားမည့်လှေမှာ အလျား ၄၅ တောင် ရှိပြီး ဝါးဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ အချို့ဒေသများတွင် လှေကို ကျူဖြင့် ရက်လုပ်ကြပြီး ပွဲကျင်းပ ပြုလုပ်ပုံမှာ နေရာဒေသအလိုက် အနည်းငယ်ကွဲပြားမှုများရှိကြောင်းလည်း မန်းစန်းဝင်းက ပြောသည်။

ကန်ကြီးထောင့် ကရင်နှစ်သစ်ကူးတွင် မဂ္ဂင်ဖောင်လှေကြီးပွဲအပြင် ကရင်ရိုးရာပြခန်းများ၊ ဒုံးအကများဖြင့် ဖျော်ဖြေခြင်း၊ အားကစားပွဲများနှင့် ဇာတ်သဘင်များလည်း ပါဝင်မည်ဟု သိရသည်။

လှေကြီးပွဲကို ယခင်က ကန်ကြီးထောင့် မြို့နယ်၊ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ကျုံမငေးမြို့အတွင်းရှိ ကျေး ရွာ တစ်ချို့၌ ကရင်နှစ်သစ်ကူးနေ့ အကြိုတွင် ထည့်သွင်းကျင်းပကြသည့်အပြင် ဘုရားပွဲများတွင်လည်း ထည့် သွင်းကျင်းပလေ့ရှိကြသည်ဟု ပွဲတော်ဦးဆောင်ကျင်းပသူများ၏ ပြောပြချက်များအရ သိရသည်။

Most read this week

August 14, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် မော်တော်...
ဓာတ်ပုံ - CJ
August 14, 2026
ပဲခူးတိုင်း၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေး ကျေးရွာများမှ...
ဓါတ်ပုံ - ပုံဟောင်း
August 13, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ ငါးဂိမ်းနှင့် လောင်းကစားရုံများကို စီမံချက်ဖြင့်...
August 13, 2026
စောဘဦးကြီး အပါအဝင် ကရင့်ခေါင်းဆောင်ကြီးများ လက်ဆင့်ကမ်း ချမှတ်ပေးခဲ့သည့် လုပ်ငန်းလမ်းစဉ် အတိုင်း...