Nippon Foundation မှ ကချင်စစ်ရှောင်များကို ကူညီပေးရန် အဆင်မပြေ

Nippon Foundation မှ ကချင်စစ်ရှောင်များကို ကူညီပေးရန် အဆင်မပြေ

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသော စစ်ပြေးဒုက္ခသည်များအတွက် အကူညီရရှိရေး ဂျပန်အစိုးရ Nippon Foundation (နိပွန်ဖောင်ဒေးရှင်း) ဥက္ကဌ ဆာဆာကာဝါ နှင့် ကချင်စစ်ရှောင်ကူညီရေးအဖွဲ့များ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆွေးနွေးရာ အကူညီပေးရန် အဆင်မပြေကြောင်း ပြောပါသည်။

စစ်ရှောင်အများစု ရှိနေသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ရှိ ဒုက္ခသည်များ အကူညီရရှိနိုင်ရန် KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ် ထိုးရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

“သူ့လူမှုကူညီရေးက မြန်မာ အစိုးရရဲ့ တစ်ဖက်သတ် အသုံးချခံ ဖြစ်နေတယ်။ သူပြောတာက နိပွန်က အစိုးရနဲ့ ဆက်သွယ်လို့ ရတဲ့ နေရာမှာဘဲ လုပ်မယ်ဆိုတဲ့ ပေါ်လစီရှိတယ်တဲ့။ အစိုးရမသိတဲ့အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့နဲ့ မလုပ်ဘူးတဲ့။ ဒါကြောင့် ကချင်မှာလည်း သူတို့ဖောင်ဒေးရှင်းအထောက်အပံ့ရချင်ရင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရမယ် ဆိုပြီး ဖိအားပေးလာပါတယ်။ ဒုက္ခရောက်နေတာချင်းတူတူ ဘာကြောင့် အစိုးရအောက်မှာဘဲ ကူညီရလဲလို့ သူ့ကို မေးတယ်။ ဒါပေမယ့် သူမဖြေပါဘူး။” ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ဒုက္ခသည်ကူညီအရေးအဖွဲ့ စာရင်းအရ ကချင်စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်အနက် ၈ သောင်းကျော်မှာ KIO နယ်မြေတွင် ရှိပြီး ကျန် ၄ သောင်းကျော်သာ အစိုးရ ထိန်းချုပ်နယ်မြေတွင် ရှိပါသည်။

Nippon Foundation သည် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှု နှေးကွေးနေသော နေရာများ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီနေသော အဖွဲ့အစည်းဖြစ်ပါသည်။

သို့သော်လည်း ကချင်စစ်ရှောင်များ၏ အခြေအနေနှင့် Nippon Foundation ၏ ပေါ်လစီပေါ် Rev. Samson က ဆက်ပြီး “ကျနော်တို့ကတော့ Nippon ကို ဒီအခြေအနေမှာ မမျှော်လင့်ပါဘူး။ သူ့ ပေါ်လစီကို ပြောင်းလဲရင်တော့ တစ်မျိုးပေါ့။ အခု အခြအနေအတိုင်းဆိုရင်တော့ Nippon ရဲ့ အကူညီကို မမျှော်လင့်ပါဘူး။”

ယခုချိန် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာအကူညီ သယ်ပို့ပေးနေမှုကို တရုတ်အစိုးရက လွန်ခဲ့သည့် ၂ပတ်ခန့်မှ စတင်ပြီး ပိတ်ပင်လိုက်သည့်အတွက် KIO နယ်မြေရှိ စစ်ရှောင်များ အတွက် ရိက္ခာ ပြတ်သွားမှာ စိုးရိမ်ဖွယ်အခြေအနေ ရှိနေသည်ဟု သိရပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...