လွိုင်ကော်မြို့တွင် SMEsဘဏ်တစ်ခုထောင်မည်

လွိုင်ကော်မြို့တွင် SMEsဘဏ်တစ်ခုထောင်မည်

ကယားပြည်နယ်အစိုးရမှ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ ချေးငွေအလွယ်တကူရရှိနိုင်ရန် မကြာခင်လွိုင်ကော်မြို့လယ်တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) ဘဏ်တစ်ခုထူထောင်မည်ဟု သိရသည်။

“ဒီလုပ်ငန်းရှင်တွေ ချေးငွေရရှိဖို့ အစိုးရကရပ်တည်ပေးဖို့လိုတယ်၊ ငွေကြေးတွေက အဓိကဆိုတာ ကိုလည်း ကျနော်တို့် သိပါတယ်။ အဲ့တော့ ကျနော်တို့အစိုးရကဒီတာဝန်ယူတဲ့အချိန်လေးမှာ SMEsဘဏ် ကျနော်တို့ ကယားပြည်နယ်မှာရှိလား။ မရှိဘူး။ အခြားတိုင်းနဲ့ ပြည်နယ်က ဘဏ်တွေအနေနဲ့ ကျနော်တို့ ချိတ်ဆက်ထားတယ်။ SMEsဘဏ်ဆိုရင် မကြာခင်မှာ ကျနော်တို့ မြို့လယ်မှာဆောင်ရွက်ပေးပါတော့မယ်။ ” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ဒီဇင်ဘာလ ၇ရက်နေ့၊ လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရနှင့် SMEsလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များမှ လုပ်ငန်းများလုပ်ကိုင်ရာတွင် ချေးငွေရရန် မလွယ်ကူသည့်အတွက် အစိုးရမှ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်းပြောကြားရာဝန်ကြီးချုပ်မှ ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်းရှိလုပ်ငန်ရှင်များမှ လုပ်ငန်းများလုပ်ကိုင်လိုသည့်အခါ အရင်းအနှီးအတွက် ဘဏ်များတွင် ပိုင်ဆိုင်မှုပုံစံမရှိလျှင် ချေးငွေများထုတ်ချေးပေးခြင်း မရှိသည့်အတွက် ၎င်းတို့အတွက် အခက်အခဲဖြစ်နေကြ သည်ကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။

“လက်ရှိကျနော်တို့ စီးပွားရေးစနစ်အရ ဘဏ်တွေ တော်တော်များများက ကျနော်တို့ကိုရှင်းရှင်းပြောရရင် ဘာမှအာမခံမှမရှိဘဲ တကယ်လုပ်ငန်းလုပ်နေတဲ့အတွက် ကျနော်တို့ကို ငွေထုတ်ချေးပေးတာရှိတယ်။ ဥပမာရိုးမဘဏ်ဆိုရင် ကျနော်တို့ ပြောင်းဝယ်တဲ့ကုန်သည်တွေကို ဘာအာမခံမှမလိုဘဲ သိန်းကိုထောင်နဲ့ချီပြီး ချေးပေးနေပါတယ်။ ကျနော်တို့ ပြည်နယ်ထဲက ဘဏ်တွေလည်းကျနော်တို့ကို ဒီလိုလုပ်ပေးလို့ မရဘူးလားပေါ့။”ဟု ပြည်နယ် ပြောင်းစိုက်ပျိုးထုတ်လုပ်ရေးအသင်း ဥက္ကဌ ဦးမြင့်မောင်က ပြောသည်။

ကယားပြည်နယ်တွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကအသေးစားလုပ်ငန်း ၁၄၂ခုနှင့် အလတ်စားလုပ်ငန်း ၃၅၄ခုရှိကြောင်း ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...