တရားရုံးက ကချင်လူငယ် ခေါင်းဆောင် ၃ ဦး ကို ထောင် ၆လ နှင့် ငွေဒဏ် ၅သိန်း စီရင်ချက် ချ

တရားရုံးက ကချင်လူငယ် ခေါင်းဆောင် ၃ ဦး ကို ထောင် ၆လ နှင့် ငွေဒဏ် ၅သိန်း စီရင်ချက် ချ

ပိတ်မိပြည်သူများလွတ်မြောက်လာရန်အတွက် ဆန္ဒပြဦးဆောင်ခဲ့သော ကချင်လူငယ် ၃ဦးကို ဒီဇင်ဘာ (၇)၊ ယနေ့မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ကျပ် ၅သိန်း အဖြစ် အပြီးသတ် စီရင်ချက် ချမှတ်ခဲ့သည်။

တိုက်ပွဲတွင်း ပိတ်မိနေသော ပြည်သူများလွတ်မြောက်ရန် ဆန္ဒပြဖော်ထုတ်မှုသည် အပြစ်မဟုတ်သောကြောင့် ယခုလို အပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် Zau Ja (ဇော်ဂျတ်) ယခုလို ကချင်သတင်းဌာန KNG ကို ပြောဆိုသည်။

“သူတို့ဘက်ကတော့ မျှတတယ်လို့ထင်မှာဘဲ။ ကျနော်တို့က အမှန်တွေအတွက် လုပ်ဆောင်ခဲ့တယ်။ အခုပြည်သူတွေအတွက် အစိုးရဆိုတာဘယ်မှာလဲ။ ပြည်သူတွေ အားကိုးရာမဲ့တွေဖြစ်ကုန်ပြီ။ ဒီလိုဖြစ်လာမှာ ဆိုတာ ကျနော်တို့က ကြိုသိပြီးသားပါ။ ကျနော်တို့ကိုကြိုက်သလိုစီရင်ချက်ချတယ်။ ဒီနေ့ဒီကို လာရောက်ဝန်းရံတဲ့ သူတွေအားလုံးက IDP ထဲက သက်သေတွေဘဲ။ အခုလို ပြစ်ဒဏ်ချမှတ်တာကို အားလုံးကန့်ကွက် ပါတယ်။”

တရားလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းဦး တရားခွင်ကို ရောက်လာခြင်းမရှိဘဲ နေ့လည် ၁၂ နာရီခွဲခန့်တွင် စီရင်ချက် ချမှတ်ခဲ့ပါသည်။

ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ကျပ် ၅ သိန်း တစ်ဦးချင်းစီကို ချမှတ်ခဲ့ပြီး ငွေ ၅ သိန်းမပေးနိုင်ပါက ထောင်ဒဏ် စုစုပေါင်း ၁ နှစ်ကျခံနိုင်ကြောင်း စီရင်ချက်ချလိုက်သည်ဟု Nang Pu (နန်ပူ)၏ ရှေ့နေ Jan Doi Bu (ဒေါ်ဒွဲဘူ) ပြောပါသည်။

တရားလိုဘက် သက်သေ ၃ ဦးကို စစ်ဆေးပြီးနောက် ၎င်းတို့အနေဖြင့် စွပ်စွဲခံ ၃ ဦးသည် တပ်မတော် ကို အသေရေဖျက်အောင် ပြောဆိုခဲ့ခြင်း ရှိမရှိ မသိကြောင်း ၎င်းတို့၏ ရုံးချိန်းများတွင် ထွက်ဆိုခဲ့သည်ကို သိရပါသည်။

ထို့ကြောင့် စီရင်ချက်ကို မကျေနပ်သော လူထုများက တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

“Nang Pu (နန်ပူ) ကို လွတ်ပေးပါ၊ Lum Zawng (လွမ်းဇောင်း) ကို လွတ်ပေးပါ၊ Zau Jat (ဇော်ဂျတ်) ကို လွတ်ပေးပါ” ဟူ၍ကြွေးကြော်ကာ တရားရုံးမှ မနောကွင်းအထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...