မူလတန်းကျောင်းများအားလုံး အဟာရနို့တိုက်ကျွေးရန် ဘတ်ဂျက်မလုံလောက်

မူလတန်းကျောင်းများအားလုံး အဟာရနို့တိုက်ကျွေးရန် ဘတ်ဂျက်မလုံလောက်

အစိုးရစီမံချက်ဖြင့် မူလတန်းကျောင်းများအားလုံးကို အဟာရနို့တိုက်ပေးရန် ဘတ်ဂျက်မလုံလောက်နိုင်ကြောင်း နို့စားနွားမွေးမြူရေးအသင်းမှ အတွင်းရေးမှူးကိုဂနီရှမ်းကပြောသည်။

“မူလတန်းကျောင်းမှာနယ်လှည့်ပြီးတိုက်နိုင်တာ ဘတ်ဂျက်အင်အားနည်းတာပေါ့လေး ၂၅၀ စာပဲတိုက်နိုင်တာမို့လို့ ကျနော်တို့ မူလတန်းတစ်ကျောင်းတည်းကိုပဲ တိုက်နေတာပေါ့။”ဟု ပြောသည်။

နောင်ယား(ခ)အ.မ.ကကျောင်းတွင် အဟာရနို့တိုက်ကျွေးနေစဉ် (ဓါတ်ပုံ – ကေတီ)

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ နို့စားနွားမွေးမြူရေးအသင်းမှ လွိုင်ကော်မြို့နယ်အတွင်းတွင် နယ်လှည့်ပြီး မူလတန်းကျောင်းရှိ ကျောင်းသူ/သားများ ကို နို့လိုက်လံတိုက်ကျွေးရာမှ ဘတ်ဂျက်မလုံလောက်နိုင်သဖြင့် ယခုနောက်ပိုင်းတွင် နောင်ယား(ခ)မူလတန်းကျောင်း တစ်ကျောင်းတည်းသာ တိုက်ကျွေးနိုင်တော့သည်ဟုသိရသည်။

လက်ရှိတွင် နောင်ယား(ခ)အ.မ.က ကျောင်းတွင် တနင်္လာနေ့နှင့်သောကြာနေ့များ တစ်ပတ်လျှင် နှစ်ကြိမ် ကျောင်းသားဦးရေ ၂၅၀ကို တိုက်ကျွေးပေးနေသည်ဟု ၎င်းကျောင်းအုပ်ဆရာ ဦးလကျက် ပြောပါသည်။

“နောက်နှစ်ကျတော့ ဖြစ်နိုင်ရင် ကျတော်တို့ နှစ်တိုင်းတိုက်ခိုင်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကလေးတွေလည်းကြိုက်တယ် ကလေးတွေအတွက်အဟာရတအားဖြစ်တယ်ဆိုေတာ့ နှစ်တိုင်းတိုက်စေချင်ပါတယ် ဒါကျနော်တို့မျော်လင့်ချက်ပေါ့။”ဟု ဦးလကျက် ပြောသည်။

အစိုးရမှ နို့စားနွားမွေးမြူရေးအသင်းအဖွဲ့ကို တစ်ယူနစ်(သိန်းသုံးရာ)ဘတ်ဂျက်ေချးပေးပြီး ၎င်းကော်မတီမှ ဦးဆောင်ကာ ရရှိလာသည့် အတိုးနှုန်းများထဲမှ အမြတ်ငွေများဖြင့် တိုက်ကျွေးပေးနေခြင်းဖြစ်သည်။

နို့စားနွားမွေးမြူရေးအသင်းအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းပြီး တိုးချဲ့လိုသည်ဟု ကိုဂနီရှမ်းဆိုပါသည်။

ကယားပြည်နယ်အတွင်းတွင် ယခင်နှစ်မှစပြီး ရှားတော၊လွိုင်ကော်၊ ဖားဆောင်း မြို့နယ်ရှိ မူလတန်းကျောင်းများတွင် ဘီစကစ်မုန့်ထုတ်များကို ပေးနေသည်ဟုသိရသည်။

ယခုလို မလုံမလောက်သည့်အစီအစဉ်များ ကွက်ကြားအစီအစဉ်များပြုလုပ်နြေခင်းသည် အထက်မှ စမ်းသပ်နေသည်ဟုသာ ပြောဆိုထားသည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောပါသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...