ငြိမ်းချမ်းရေး နှင့် အမေရိကန်၊ ဗြိတိန် ဆက်ဆံရေးရုံးများ မြစ်ကြီးနားတွင် ဖွင့်ရန် အကြံပြု

ငြိမ်းချမ်းရေး နှင့် အမေရိကန်၊ ဗြိတိန် ဆက်ဆံရေးရုံးများ မြစ်ကြီးနားတွင် ဖွင့်ရန် အကြံပြု

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် အစိုးရကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနား သို့ ၃ရက်ကြာ ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နှင့် ဗြိတိန် သံအမတ်ကြီး နှစ်ဦးကို ကချင်အသင်းတော်များ အကြံပြု တင်ပြခဲ့သည်။

ဒီဇင်ဘာလ ၃ရက်နေ့ ဗြိတိန်သံအမတ် Mr. Dan Chugg နှင့် အမေရိကန်သံအမတ် Mr. Scott Marciel တို့ နှစ်ဦး ကချင်အသင်းတော် ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ယခုလို အကြံပြုခဲ့ကြောင်း ကချင်အသင်းတော်များတွင် အကြီးဆုံး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောသည်။

“ငြိမ်းချမ်းရေး ရလာဖို့ ဆိုတာ တရားဝင် အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေ ထိပ်တိုက် ဆွေးနွေးဖို့လိုတယ်။ ဒါမှသာ တရားမျှတတဲ့ ဖက်ဒရယ်ကိုရရှိမှာဖြစ်တယ်။ ဒီအချက်က အရမ်းအရေးကြီးတယ်။ ကျနော်တို့ အဲ့လိုပြောလိုက်တော့ သူတို့တော်တော်အံ့သြသွားတယ်။”

ဒီဇင်ဘာ ၄ ရက်နေ့ ကချင်နိုင်ငံရေးပါတီများနှင့် Palm Spring hotel မှာ တွေ့ဆုံစဉ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူများကို သွားရောက်ကူညီပေးနိုင်ရေး၊ မြစ်ကြီးနားမြို့တွင် မတ်လက တရုတ်ဆက်ဆံရုံး ဖွင့်လှစ်ထားသလို အနောက်နိုင်ငံ အမေရိကန် နှင့် UK ဆက်ဆံရေးရုံးများလည်း ဖွင့်လှစ်ရန် ကချင်ပေါင်းစည်းပါတီများအဖွဲ့ (Kachin State Party, KSP) က အကြံပြုခဲ့သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင် အောင်ခမ်း) က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

KIO ၏ ‘ဆပ်ကြေး နှင့် war fund’ ကောက်နေခြင်းအား ရပ်ပေးရန် လိုအပ်ကြောင်းကို လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ )၏ ဥက္ကဌ ဦးရွှေမင်း က သံအမတ်ကြီး နှစ်ဦးထံ တင်ပြခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် ၂၀၁၈ စက်တင်ဘာလ ၁၁ရက်နေ့ အစိုးရပြင်ဆင်ပြဌာန်းလိုက်သော ဒေသခံများအတွက် အကျိုးမဖြစ်သော မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းသွားမည်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ တင်ပြခဲ့သောအချက်များကိုလည်း တတ်နိုင်သလောက် ပါဝင်ကူညီဆောက်ရွက်မှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သံအမတ် Scot Marciel ပြောဆိုခဲ့ပါသည်။

အမေရိကန် နှင့် ဗြတိသျှသံအမတ် တို့သည် ဒီဇင်ဘာ ၃ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်လာကာ အစိုးရအဖွဲ ၊ စစ်ဘေးဒုက္ခသည်များ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့် ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့ ပြန်လည်ထွက်ခွာသွားပါသည်။

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...