Published
Sunday, November 25, 2018
ရခိုင်ဘာသာ အစီအစဉ် (နိုဝင်ဘာလ ၂၅၊ ၂၀၁၈)
မောင်တောတောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မူဆလင်တွေကို ပြန်လည်နေရာချမပေးဖို့ ဒေသခံတွေတောင်းဆိုနေတာနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘာပြောလိုက်ပါသလဲ။
ရွာမပျက်စေချင်တာကြောင့် ရွာတစ်ရွာမှာ အသက် ၇၀ ကျော် အဖွားတစ်ယောက်တည်းပဲ နေထိုင်နေပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ ရှိပါတယ်။
ရာဇဝင်သမိုင်းတွေအရ ထူးခြားဆန်းကြည်မှုတွေနဲ့ပြည့်နေတဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က မြေနီတောင်ကို ပြည်တွင်းပြည်ပခရီးသွားတွေ သွားရောက်လေ့လာချင်ကြပေမဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပါတယ်။






